ကျောင်းသားတစ်ဦး၏ နေ့စဉ်ဒိုင်ယာရီ- Oxford နှင့် ရန်ကုန်မှ ဈေးဝယ်ခြင်းအတွေ့အကြုံ

ကျောင်းသားတစ်ဦး၏ နေ့စဉ်ဒိုင်ယာရီ- Oxford နှင့် ရန်ကုန်မှ ဈေးဝယ်ခြင်းအတွေ့အကြုံ

This article is also available in [English]

ကျနော် topic ကြီးကြီးမားမားမရေးခင် စာလေးတိုတိုလေးတစ်ဖြတ်ပေါ့။ ဒီနေ့ကျနော်စျေးဝယ်တယ်။ အိမ်အတွက်လိုအပ်တာလေးတွေဝယ်တာပါ။ ကြုံတောင့်ကြုံခိုက်လဲဖြစ်တော့ Botley ဘက်က အုတ်ဂူတွေဘက်အလည်သွားဖြစ်တယ်။ နောက်တော့ မိုးကလဲရွာလာတာနဲ့ Decathlon ကိုသွားဖြစ်တယ်။ သူကတော့ အားကစားပစ္စည်းနဲ့ ပစ္စည်းကိရိယာတွေရောင်းတဲ့ဆိုင်ပါ။ အဓိကကတော့ စက်ဘီးထိုင်ခုံဝယ်ချင်လို့။ အဲ့မှာကျနော်သတိသွားရတယ်။ Online shop တွေရဲ့အခြေအနေကိုပေါ့။


အပိုင်း (၁)။ မြန်မာနိုင်ငံမှ ဈေးဝယ်ခြင်းအတွေ့အကြုံ- မယုံကြည်မှုနှင့် မထိရောက်မှုကြားက ကမ္ဘာ

ကျနော်တို့ မြန်မာနိုင်ငံမှာ ပစ္စည်းတွေဝယ်ရင် ကိုယ်တိုင်သွားဝယ်ရတယ်။ အကုန်ရချင်ရင် City Mart လိုမျိုးမှာဝယ်။ တကယ် specific ဖြစ်တဲ့ product တွေ၊ သိပ်လူသုံးမများတာတွေ ဆိုရင် online ကနေမှာရတယ်။ ဒါပေမဲ့ ဒီမှာ ပြဿနာတွေစလာပါတယ်။ ဆိုပါစို့ ကျနော်က luggage တစ်ခုဝယ်ချင်တယ်။ Brand တိုက်ရိုက်လာမရောင်းတော့ Facebook ပေါ်ကဆိုင်တွေမှာရှာရတယ်။ အဲ့ဒီမှာ...

၁။ စစ်မှန်မှု ပြဿနာ- အစစ်နှင့် အတု

"Luggage က ပစ္စည်းစစ်စစ်တုတု ဒီပစ္စည်းဒီပစ္စည်းပဲလေ ဘာကွာလို့လဲ?” ကွာပါတယ်။ တကယ့်တကယ် ပေါင်းစုံကြုံဖူးတဲ့သူဆို ကွာဟချက်သိပါလိမ့်မယ်။ အလေးချိန်၊ ကွေးဆန့်နိုင်မှု၊ warranty နဲ့ customer service၊ လေကြောင်းလိုင်းတွေ လက်ခံမခံ၊ အကုန်လုံးကွာပါတယ်။ လိုရင်းကတော့ အတုနဲ့အစစ် ခွဲရခက်တယ်။

၂။ Customer Service မရှိခြင်း-

"ရောင်းပြီးပစ္စည်း ပြန်မလဲပါ" ကိုယ်က သေချာမစစ်ဆေးမိလို့ အိမ်ရောက်မှ ပစ္စည်းကတစ်ခုခုကျိုးပဲ့ပျက်စီးနေရင် ပြန်လဲလို့မရပါဘူး။ Refund လဲမပေးသလို ပစ္စည်းအသစ်လဲပေးတာမျိုးရှားပါတယ်။ စက်နဲ့ပတ်သက်ပြီးသိချင်တာ၊ warranty ကိစ္စတွေအတွက် အချက်အလက်ရှာဖွေရတာသိပ်ခက်ခဲပါတယ်။

၃။ အဆုံးမဲ့ရှာဖွေခြင်း- ပစ္စည်းတစ်ခုအတွက် အချိန်ကုန်ခြင်း

Reliable ဖြစ်တဲ့ online website ဆိုတာမရှိသလောက်ပါပဲ။ ပစ္စည်းလေးတစ်ခုလိုချင်ရင် လိုင်းပေါ်က ရှာမယ်၊ ရှိမယ်လို့ယူဆရတဲ့ဆိုင်ဆီသွားမယ်၊ မရှိရင် နောက်တစ်ဆိုင်။ ဒါမျိုးကြီးက convenient မှမဖြစ်တာ။ တစ်ခါတစ်လေ ပလက်စတစ်ဗူးလေးတစ်ဗူးအတွက် မြို့ပတ်လိုက်ရတာမျိုးလဲရှိသေးတယ်။

၄။ ပုံနှင့် လက်တွေ့ ကွာခြားမှု

ပစ္စည်းတွေက ပုံထဲက တစ်မျိုး၊ အပြင်မှာလာတော့တစ်မျိုး။ ဒီအခက်အခဲက လူတိုင်းသိပါတယ်။ ဒါမျိုးပြဿနာက third party seller တွေများနေတဲ့အခါ၊ မရိုးသားကြတဲ့အခါဖြစ်တတ်တယ်။

၅။ စျေးနှုန်းနှင့် အရည်အသွေး ထောင်ချောက်

You Get What You Pay For ဒီနေရာမှာ ဝယ်သူဘက်ကလည်း လိုအပ်ချက်ရှိပါတယ်။ သိန်းချီတန်ပစ္စည်းကို သောင်းကျော်လေးနဲ့လိုချင်ကြတယ်။ အကောင်းတကာ့အကောင်းဆုံးပစ္စည်းကို အနည်းတကာ့အနည်းဆုံးသော ငွေကြေးနဲ့ ဝယ်ချင်ကြတယ်။ တကယ့်တကယ်ကျတော့ ကိုယ်ပေးသလောက်ကိုယ်ပြန်ရတာပါပဲ။


အပိုင်း (၂)။ UK မှ စားသုံးသူအတွေ့အကြုံ- ဖြစ်သင့်ဖြစ်ထိုက်သော စံနမူနာ

Oxford မှာကျနော်စျေးဝယ်တဲ့ပုံစံပြောပြချင်တယ်။ မြန်မာနိုင်ငံမှာလဲဖြစ်စေချင်လို့လဲပါတာပေါ့။

Luggage လေးဝယ်ချင်တယ်ဆိုရင် online ကနေရှာကြည့်တယ်။ ကိုယ်သုံးချင်တဲ့ budget နဲ့ကိုက်တာလေးကိုရွေးတယ်။ အလေးချိန်၊ ဆိုဒ်၊ ပုံစံ၊ texture စသဖြင့် online ကနေ အကုန်မြင်တွေ့နိုင်တယ်။ အနီးအနားက ဆိုင်တွေမှာ ရှိမရှိပါတစ်ခါတည်းကြည့်လို့ရတယ်။

အရေးကြီးဆုံးအချက်ကတော့ စားသုံးသူအခွင့်အရေးကို အာမခံချက်အပြည့်ပေးထားခြင်း ပါပဲ။

  • အဆင်ပြေစွာ ပြန်သွင်းနိုင်ခြင်း: ပစ္စည်းကိုမကြိုက်ရင် အကြောင်းပြချက်မလိုဘဲ ပြန်သွင်းလို့ရတယ် (Customer ဘက်ကအမှားမှအပ)။
  • လွယ်ကူသော Refund စနစ်: အနီးအနားက ဆိုင် ဒါမှမဟုတ် post office ကနေပြန်ပို့လိုက်ရုံနဲ့ ပိုက်ဆံက ကိုယ့်ဘဏ်ကတ်ထဲကို အလိုအလျောက်ပြန်ဝင်လာတယ်။
  • စိတ်ချရသော Support: ပစ္စည်းအကြောင်းသိချင်ရင် မူရင်း company ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်တယ်။
  • ထိရောက်မှုနှင့် ယုံကြည်မှု: ငွေပေးချေမှုက လုံခြုံတယ်၊ ပစ္စည်းပို့တာက စိတ်ချရတယ် (ကိုယ်အိမ်မှာမရှိရင်တောင် လုံခြုံတဲ့နေရာမှာထားပေးခဲ့တယ်)၊ လုပ်ငန်းစဉ်တစ်ခုလုံးက မြန်ဆန်ပြီး လူကိုယ်တိုင်စကားပြောစရာမလိုသလောက်ပါပဲ။

ဒီလိုမျိုးရှင်းလင်းတဲ့စနစ်ကိုမြင်တွေ့ရတော့ အချိန်တွေဘယ်လောက်သက်သာသွားလဲ၊​ ငွေလဲဘယ်လောက်အကုန်အကျနည်းသွားလဲ၊ လူအင်အားလဲ ဘယ်လောက်ချွေတာနိုင်လဲဆိုတာ မြင်ယောင်မိပါတယ်။ UKဆိုတာလဲတကယ်တော့ အင်မတန်မှစျေးအဆမတန်တင်တောင်းတတ်တဲ့ ပစ္စည်းတွေ များနေဆဲပါ။ အကောင်းဆုံးကတော့ UKရဲ့မြန်ဆန်လွယ်ကူမှုနဲ့ Burmaရဲ့စျေးချိုမှုပေါင်းစပ်ခြင်း။


နိဂုံး- ဒါဟာ ဝေဖန်ခြင်းမဟုတ်၊ အနာဂတ်အတွက် မျှော်လင့်ချက်တစ်ခုသာ

တခြားမဟုတ်ပါဘူးဗျိုး ခံစားချက်လေးတစ်ဖြတ်ပါ။ နိုင်ငံခြားမှာ နေပြီးတော့ မြန်မာနိုင်ငံကိုဝေဖန်နေတာတော့မဟုတ်ရပါဘူး ဒီခေတ်ဒီအခြေအနေနဲ့လဲ ဘာမှလုပ်လို့ရမှာမှမဟုတ်တာ။ အနာဂတ်ကျရင်တော့ တွေးတောစရာလေးတစ်ခုပေါ့။

အဲ့ကျ သေချာပေါက် "Amazon Myanmar" ဆိုပြီးဖြစ်လာမယ်။ "Apple Myanmar" လဲဖြစ်လာဦးမယ်။ မျှော်လင့်နေလျက်ပါဗျိုး။ Amazon Prime ကားတွေနဲ့ လမ်းမတော်၊ လသာနားက ကားရပ်ဖို့နေရာရှာရင်း ပစ္စည်းတင်ချနေတာမြင်ချင်ပါသေးတယ်။


Read more

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

ဒီStudent Visaကိစ္စအပြောင်းအလဲနဲ့ပတ်သက်ပြီး ကျနော်အကြံပြုချင်တာရှိပါတယ်။ ဒါက Studentတွေရော Education Providerတွေရောကိုပါ အကျုံးဝင်ပါတယ်။ ပထမတစ်ခု။ နိုင်ငံအပြောင်းအလဲ။ ကျနော်တို့လို ကျောင်းသားအမျ

By Moe Htet
UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

သတင်းတွေမှာ UK က မြန်မာအပါအဝင် နိုင်ငံ ၄ နိုင်ငံ (အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ ဆူဒန်၊ မြန်မာ) ကို Student Visa (ကျောင်းသားဗီဇာ) ပိတ်လိုက်ပြီဆိုတဲ့ သတင်းတွေ တက်လာတော့ လူတေ

By Moe Htet