UK သို့ ပထမဆုံးရောက်ရှိလာသူများအတွက် Survival Guide- ငွေကုန်သက်သာစေမည့် နည်းလမ်းများ

UK သို့ ပထမဆုံးရောက်ရှိလာသူများအတွက် Survival Guide- ငွေကုန်သက်သာစေမည့် နည်းလမ်းများ

This article is also available in [English]

ဒီထဲပါတဲ့ကိစ္စအတော်များများက UK မှမဟုတ်ပါဘူး၊ ဘယ်နိုင်ငံပဲရောက်ရောက် ဖြစ်တတ်ကြပါတယ်။ နောင်တတွေလဲ အလီလီရကြတယ်။ မကြာသင့်ခဲ့တဲ့အချိန်တွေလဲကြာတယ်၊​ မကုန်သင့်ခဲ့တဲ့ငွေတွေလဲကုန်တယ်။ ဒီလမ်းညွှန်ကတော့ အဲ့ဒီလိုမဖြစ်ရအောင်၊ ငွေလဲသက်သာ၊ ဦးနှောက်လဲမခြောက်ရအောင် ကူညီပေးပါလိမ့်မယ်။

ကျနော်သာ ဒါတွေသိထားခဲ့မိရင်တော့ လာလာချင်းအတွက် သိပ်ကောင်းမှာပါ။ မသိတဲ့လမ်းတစ်ခုကို စမ်းတဝါးဝါးလျှောက်နေရတာထက် ကိုယ့်ခြေလှမ်းကိုယ်သိတာက ပိုကောင်းပါတယ်။ ဒီတော့ နောင်တအလီလီမရရလေအောင် "မိုးမိုးရဲ့ UK လာပုံလာနည်းကျမ်း" ကို ဖတ်ကြပါ။


အဆင့် (၁)။ Immigration ကောင်တာ- သင်၏ ပထမဆုံးစမ်းသပ်မှု

Immigration Officer က သင့်ကို ကိုယ်ဘယ်မှာနေမှာလဲ၊ ဘာလုပ်မှာလဲ စသဖြင့်မေးခွန်းတွေမေးပါလိမ့်မယ်။ လိုအပ်တဲ့documentတွေကို အဆင်သင့်ပြသနိုင်ဖို့ print out ထုတ်ခဲ့စေချင်ပါတယ်။ မမေ့ပါနဲ့၊ ကိုယ့် passport က မြန်မာ passport ပါ။

သင့်စိတ်ထဲမှာ အဖြေတစ်ခု ကြိုတင်ပြင်ဆင်ထားပါ-

"I’ve come here to study at (Oxford Brookes University) for (Bachelor of Arts - Architecture). I will be staying at (my University Accomodation) from tonight throughout the year."

သင်၏ Document Checklist (လက်ဆွဲအိတ်ထဲတွင် print out လုပ်ပြီးထည့်ထားပါ):

  • အဓိကလိုအပ်ချက်များ:
    • Passport
    • Visa Approval နှင့် Visa Application
    • School acceptance or CAS letter
    • Tenancy agreement or Accommodation Booking (သင်ရောက်ရှိသည့်နေ့ သို့မဟုတ် ထိုထက်စောသောနေ့စွဲဖြစ်ရန်လိုသည်)
  • အပိုအနေဖြင့် ယူဆောင်လာသင့်သောအရာများ:
    • Bank statement (notary )
    • TB Test လက်မှတ်
    • မှတ်ပုံတင် (notary )

အဆင့် (၂)။ ရောက်ရောက်ချင်းကြုံရမည့် ထောင်ချောက်ကြီး (၃) ခု (နှင့် ဘယ်လိုရှောင်ရှားမလဲ)

ခရီးပန်းပြီး Jet lag မိနေချိန်မှာ သင်ဟာ စျေးကြီးတဲ့အမှားတွေလုပ်မိဖို့ လွယ်ကူပါတယ်။

ထောင်ချောက် #၁- လေဆိပ်က SIM Card အလိမ်အညာ

  • အခြေအနေ: သင်လေယာဉ်ပေါ်ကပင်ပင်ပန်းပန်းဆင်းလာပြီး အင်တာနက်ချက်ချင်းလိုချင်နေပါတယ်။ Vending machine တွေ၊ Information Counter တွေမှာ SIM card တွေရောင်းနေတာကို တွေ့ပါလိမ့်မယ်။
  • ကျနော့်ရဲ့အမှား: Heathrow လေဆိပ်ကောင်တာမှာ 100GB ပါတဲ့ plan တစ်ခုကို ပေါင် ၅၀ (မြန်မာငွေ ၃ သိန်းခန့်) နဲ့ ဝယ်ခဲ့မိပါတယ်။ ပိုက်ဆံအကြွေနဲ့ဆိုရင် ၂ ပေါင်ပိုပေးရမယ်လို့တောင် ပြောပါသေးတယ်။
  • စမတ်ကျသောနည်းလမ်း: လေဆိပ်မှာ SIM card လုံးဝမဝယ်ပါနဲ့။ မဖြစ်မနေလိုချင်ရင် အနည်းဆုံး data ပါတဲ့ အသက်သာဆုံးကတ်ကိုပဲဝယ်ပါ။ ပိုကောင်းတဲ့နည်းကတော့ သင့်အဆောင်ကိုရောက်အောင်သွား၊ အနားယူပြီးမှ ၁၀-၁၅ မိနစ်လောက်လမ်းလျှောက်ပြီး အနီးဆုံး convenience store (Tesco Express, Co-op) မှာသွားဝယ်ပါ။ တံဆိပ်တူ plan တူကို ပေါင် ၁၀-၂၀ လောက်နဲ့ပဲရပါလိမ့်မယ်။
  • သက်သာသွားသောငွေ- အနည်းဆုံး 50%.

ထောင်ချောက် #၂- စျေးကြီးသော လေဆိပ် Taxi

  • အခြေအနေ: ခရီးဆောင်အိတ်အလေးကြီးတွေနဲ့ သင်ပင်ပန်းနွမ်းနယ်နေပါပြီ။ သင့်အခန်းကို အမြန်ဆုံးရောက်ချင်နေပြီ။ အပြင်မှာ ရန်ကုန်မှာလိုပဲ ကားသမားတွေက အဆင်သင့်စောင့်နေပါတယ်။
  • ကျနော့်ရဲ့အမှား: စဉ်းစားမနေတော့ဘဲ Taxi တစ်စီးငှားပြီး Oxford ကိုသွားခဲ့တာ ပေါင် ၉၀ (မြန်မာငွေ ၆ သိန်းနီးပါး) ပေးခဲ့ရပါတယ်။ ပစ္စည်းတွေအတွက်စိတ်ပူရလို့ ကားပေါ်မှာအိပ်တောင်မပျော်ခဲ့ပါဘူး။
  • စမတ်ကျသောနည်းလမ်း: 24/7 ပြေးဆွဲသော coach service ကိုအသုံးပြုပါ။ Heathrow လိုလေဆိပ်ကြီးတွေကနေ မြို့ကြီးအများစုကို တိုက်ရိုက် express bus တွေရှိပါတယ်။ Oxford ကိုသွားဖို့အတွက် "The Airline Bus" က နာရီဝက်တစ်ခါ 24/7 ပြေးဆွဲပါတယ်။ လက်မှတ်ခက ပေါင် ၂၀-၃၀ ဝန်းကျင်သာကျပြီး၊ ကားပေါ်မှာ အိမ်သာ၊ အားသွင်းပေါက်တွေပါဝင်ကာ အလွန်သက်သောင့်သက်သာရှိပါတယ်။
  • သက်သာသွားသောငွေ- အနည်းဆုံး 60%.

ထောင်ချောက် #၃- "အစားချွေတာခြင်း" ဘတ်ဂျက် - ဘာကြောင့်အစားကောင်းကောင်းစားသင့်သလဲ

  • အခြေအနေ: သင်က အခန်းအလွတ်ကြီးကိုရောက်လာတယ်။ ငွေလဲနှုန်းကြောင့် ပိုက်ဆံချွေတာချင်တော့ ပေါင်မုန့်နဲ့နို့တစ်ခွက်လောက်နဲ့ပဲ ညစာစားလိုက်တယ်။
  • ကျနော့်အကြံပြုချက်: ဒီလိုလုံးဝမလုပ်ပါနဲ့။ အစားအသောက်ကို ပြည့်ပြည့်၀၀ စားပါ။ သင့်ခန္ဓာကိုယ်က jet lag၊ ခရီးပန်းလာတဲ့ဒဏ်နဲ့ ရာသီဥတုအသစ်ဒဏ်တွေကို ခံနေရပါတယ်။ စွမ်းအင်လိုအပ်ပါတယ်။ ပထမအပတ်မှာ အစားချွေတာခြင်းက သင့်ကိုပိုပြီးနေမကောင်းဖြစ်စေပါလိမ့်မယ်။
  • သင်၏ ပထမဆုံးအစားအစာများအတွက် လမ်းညွှန်:
    • Supermarket Ready-Meals: Tesco, Sainsbury’s တို့မှာ microwave နဲ့နွှေးစားရုံ အသင့်စားအစားအသောက်တွေရှိပါတယ်။
    • Food Trucks: ကျောင်းသားဧရိယာအနီးမှာတွေ့ရတတ်ပြီး၊ ပေါင် ၁၀ လောက်နဲ့ ပူပူနွေးနွေးအစားအစာတွေရနိုင်ပါတယ်။
    • Fast Food ဆိုင်များ: KFC, McDonald's တို့ကတော့ ရင်းနှီးပြီးသားရွေးချယ်စရာတွေပါ။
    • Delivery Apps: Uber Eats, Deliveroo တို့က အဆင်ပြေပေမဲ့၊ အနည်းဆုံးမှာယူငွေ ပေါင် ၁၅ အထက်မှာရှိတတ်လို့ စျေးပိုကြီးပါတယ်။

အပိုင်း (၃)။ သင်၏အိမ်သစ်ကို ပြင်ဆင်ခြင်း- ပထမဆုံး ဈေးဝယ်ထွက်ခြင်း

  • လက်တွေ့အခြေအနေ: သင့်ကျောင်းအခန်းက လုံးဝဗလာဖြစ်နေပါလိမ့်မယ်။ မျက်နှာသစ်ဆေးကအစ စောင်အဆုံး အရာအားလုံးဝယ်ရမှာပါ။
  • ကျနော့်ရဲ့အမှား: ပစ္စည်းနည်းနည်းပဲလိုမယ်ထင်ပြီး discount store မှာ ဝယ်နိုင်တာထက်ပိုဝယ်မိကာ၊ အိတ်အလေးကြီးတွေနဲ့ အိမ်ကိုလမ်းပြန်လျှောက်ရပြီး နောက်ဆုံးမှာ taxi ငှားခဲ့ရပါတယ်။
  • စမတ်ကျသောနည်းလမ်း: သင်ပစ္စည်းအများကြီးလိုမယ်ဆိုတာကို လက်ခံပါ။ ခဏခဏသွားဝယ်နေတာထက်၊ Home Bargains, B&M, Lidl, Aldi လိုမျိုး စျေးသက်သာတဲ့ဆိုင်တွေကနေ online မှာပြီး delivery နဲ့မှာလိုက်တာက ပိုပြီးထိရောက်ပါတယ်။ တိကျတဲ့ပစ္စည်းတွေအတွက်တော့ Amazon.co.uk ကိုသုံးပါ။

နိဂုံး- ပြင်ဆင်ခြင်း နှင့် နောင်တ

သင်ကတော့ ဘာအစီအစဉ်မှမရှိဘဲ ရောက်လာပြီးမှ ကြုံသလိုဖြေရှင်းမယ်ဆိုလည်းရပါတယ်။ ဒါပေမဲ့ ပိုကောင်းသွားလားဆိုတော့လည်း မဟုတ်ပါဘူး။ ကျနော့်လိုမျိုး "ကားခအတွက်ပဲ ပေါင် ၁၀၀ လောက်သုံးလိုက်မိတယ်" ဆိုတဲ့ နောင်တတွေနဲ့ပဲ အဆုံးသတ်သွားပါလိမ့်မယ်။

ဒီအချက်တွေကိုသိထားခြင်းက သင့်ရဲ့ရောက်ရှိလာခြင်းကို အများကြီးပိုပြီးချောမွေ့စေပါလိမ့်မယ်။ နောက်ထပ်အကြောင်းအရာတွေအတွက် စောင့်ကြည့်ပေးပါဦးဗျိုး။


Read more

"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

This article is also available in [English] အဆုံးမရှိ scroll လုပ်နေရတဲ့၊ ကျယ်လောင်တဲ့ algorithm တွေနဲ့ ခဏတာပဲမြင်ရတဲ့ social media post တွေကြားက ကမ္ဘာကြီးမှာ၊ တကယ့်စစ်မှန်တဲ့စကားဝိုင်းတစ်ခုဆိုတာ ဘာ

By Moe Htet
မပြီးဆုံးသေးသော တော်လှန်ရေး-လန်ဒန်မှ ဓာတ်ပုံဆရာတစ်ဦး၏ မှတ်စုများ

မပြီးဆုံးသေးသော တော်လှန်ရေး-လန်ဒန်မှ ဓာတ်ပုံဆရာတစ်ဦး၏ မှတ်စုများ

၈/၈/၂၀၂၅။ လန်ဒန်မြို့လယ်က Parliament Square မှာ အနီရောင်ဒေါင်းအလံတွေလွင့်ပျံတဲ့နေ့။ ဗီဒီယို/ဓာတ်ပုံဆရာတစ်ဦးအနေနဲ့ ကျနော့်အလုပ်က မှတ်တမ်းတင်ရုံပါ၊ သို့သော်ကျနော် မျက်နှာတွ

By Moe Htet