မပြီးဆုံးသေးသော တော်လှန်ရေး-လန်ဒန်မှ ဓာတ်ပုံဆရာတစ်ဦး၏ မှတ်စုများ

မပြီးဆုံးသေးသော တော်လှန်ရေး-လန်ဒန်မှ ဓာတ်ပုံဆရာတစ်ဦး၏ မှတ်စုများ

၈/၈/၂၀၂၅။

လန်ဒန်မြို့လယ်က Parliament Square မှာ အနီရောင်ဒေါင်းအလံတွေလွင့်ပျံတဲ့နေ့။ ဗီဒီယို/ဓာတ်ပုံဆရာတစ်ဦးအနေနဲ့ ကျနော့်အလုပ်က မှတ်တမ်းတင်ရုံပါ၊ သို့သော်ကျနော် မျက်နှာတွေကို မြင်နေရတယ်။

၈၈၊ လွန်ခဲ့ပြီးသော လွတ်လပ်ရေးတိုက်ပွဲတွေနဲ့ ယခု နွေဦးတော်လှန်ရေးမှာ အသက်ပေးခဲ့ရတဲ့ ရဲဘော်တွေကိုယ်စား တက်ရောက်လာတဲ့ ရှေ့မီနောက်မီ လူကြီးတွေရဲ့ မျက်နှာတွေ... ပြီးတော့ ဒီတိုက်ပွဲကို အဆုံးသတ်ဖို့ ကြိုးစားနေကြတဲ့ နွေဦးတော်လှန်ရေး မျိုးဆက်သစ်တွေရဲ့ မျက်နှာတွေ။

ပုံတွေထဲမှာမြင်တွေ့ရတဲ့ အနီရောင်ဒေါင်းအလံတွေဟာ အလံတွေသက်သက်မဟုတ်ပါဘူး။ ဒါဟာ ၁၉၈၈ ခုနှစ်ကတည်းက ကျောင်းသားသမဂ္ဂတွေရဲ့ ရဲစွမ်းသတ္တိနဲ့ တွန်းလှန်မှုကိုကိုယ်စားပြုတဲ့ "တိုက်ပွဲဝင်ဒေါင်း" အလံတွေပါ။ နေရာတွေကွာခြားမယ်၊ အချိန်တွေပြောင်းလဲသွားမယ်၊ ဒါပေမဲ့ စိတ်ဓာတ်ကတော့ တစ်ခုတည်းပါပဲ။

အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းလိုတဲ့၊ မမှန်ကန်မှုကိုတွန်းလှန်လိုတဲ့ စိတ်ဓာတ်ဟာ မျိုးဆက်တစ်ခုကနေတစ်ခုကို လက်ဆင့်ကမ်းသယ်လာတဲ့ မီးတိုင်တစ်ခုလိုပါပဲ။

ဒီဓာတ်ပုံတစ်ပုံချင်းစီဟာ သမိုင်းကိုမျက်မြင်သက်သေအဖြစ် မှတ်တမ်းတင်ခြင်းဖြစ်သလို၊ တော်လှန်ရေးမှာ ကျနော့်ဘက်က ပါဝင်ဆင်နွှဲတဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါဟာ မပြီးဆုံးသေးတဲ့ခရီးတစ်ခုရဲ့ သက်သေအဖြစ်၊ သွေးမအေးသေးတဲ့ နှလုံးသားတွေရဲ့ သက်သေအဖြစ် မှတ်တမ်းတင်ခြင်းဖြစ်ပါတယ်။အရေးတော်ပုံ မုချအောင်ရမည်။

Read more

Red Sea (သို့မဟုတ်) လန်ဒန်မြို့ရဲ့လူပင်လယ်။

Red Sea (သို့မဟုတ်) လန်ဒန်မြို့ရဲ့လူပင်လယ်။

ဒီနေ့ အောက်စဖို့ဒ် (Oxford) ရဲ့ အေးချမ်းတဲ့ မနက်ခင်းကို ကျောခိုင်းပြီး လန်ဒန်ဆီကို အပြေးအလွှား လာခဲ့ရတဲ့ အကြောင်းရင်းက ၂ခုတည်းပါ။ ကျနော့်သူငယ်ချင်းကောင်လေးက သာမန်ပရိသတ်တစ်

By Moe Htet
မှန်ကန်သောပြိုလဲခြင်း (The Right Way to Fall Apart)

မှန်ကန်သောပြိုလဲခြင်း (The Right Way to Fall Apart)

ကျနော်စာမရေးတာ အတော်လေးကြာခဲ့ပါပြီ။ UK Student visa တွေ မပိတ်ခင်ကတည်းက ရေးဖို့ စိတ်သိပ်မပါခဲ့ဘူး။ လူတွေဖတ်လို့ကောင်းမယ့် "အလွယ်" တွေလဲ ဖန်တီးပြီး မရေးချင်ခဲ့ဘူ

By Moe Htet
Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

ဒီStudent Visaကိစ္စအပြောင်းအလဲနဲ့ပတ်သက်ပြီး ကျနော်အကြံပြုချင်တာရှိပါတယ်။ ဒါက Studentတွေရော Education Providerတွေရောကိုပါ အကျုံးဝင်ပါတယ်။ ပထမတစ်ခု။ နိုင်ငံအပြောင်းအလဲ။ ကျနော်တို့လို ကျောင်းသားအမျ

By Moe Htet