Survey Resultစောင့်ဆိုင်းနေဆဲပါ။

Survey Resultစောင့်ဆိုင်းနေဆဲပါ။

မနေ့က Survey လေးထဲမှာပါဝင်ပေးခဲ့ကြတဲ့မိတ်ဆွေတွေတစ်ဦးချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။ လောလောဆယ်အထိ အယောက် ၅၀လောက်တော့ရှိပြီ။ ဒီထက်ပိုမိုလိုချင်ပါသေးတယ်။ အခုအချိန်မှာကတော့ လုပ်သင့်မလုပ်သင့်ဆိုတာထက် ဒီစာလေးကို မိတ်ဆွေတို့ဘယ်နယောက်လောက် စောင့်မျှော်နေကြမလဲဆိုတာကို သိချင်စိတ်နဲ့ပါ။

ဒီကResultလေးလဲအဆင်ပြေသွားမယ်။ ဒီစာလေးလဲဘာသာပြန်ပြီးသွားလို့ မိတ်ဆွေတို့လဲကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီထက်ပိုကောင်းတဲ့Essayပုံစံလေးတွေနဲ့ မိတ်ဆွေတို့ကိုပါ Surveyသေချာလေးကောက်ပြီးရေးသွားချင်လို့ ပါဝင်ပေးကြပါဦးဗျိုး။

လောလောဆယ်တော့ UKမှာအင်မတန်အိုက်စက်နေတယ်။ သာမန် ရာသီဥတု 20*Cလောက်ဆိုပေမယ့် အလုံပိတ်ဖြစ်နေတာရော လေဝင်လေထွက်သိပ်မကောင်းတာရော ကျနေအရမ်းထိုးတာကြောင့်ရော Air Conမရှိတာကြောင့်ပါ တော်တော်လေးပူပါတယ်ဗျာ။ မိတ်ဆွေတို့နဲ့ အတူတူခံစားကျော်ဖြတ်တာပေါ့ဗျာ။ ရေများများသောက်ပါ ဂရုစိုက်ပါ စောအိပ်ပါလို့မှာရင်း ပုံထဲကလို ကျနော်လဲ resultလေးတွေ ကိုင်းကိုင်းလေးထိုင်ကြည့်လိုက်ပါဦးမယ်ဗျိုး။

Read more

ကြယ်စင် ၆ နှင့် ကျနော်။

ကြယ်စင် ၆ နှင့် ကျနော်။

မနေ့က လန်ဒန်မှာပြုလုပ်ခဲ့တဲ့ "ကြယ်စင်များရဲ့ အလင်းကောင်းကင်" ပွဲလေးဆီ ချစ်သူ မမနှင်းဦးလှိုင်နဲ့အတူ ရောက်ဖြစ်ခဲ့ပါတယ်။ ပွဲအစောပိုင်းတော့ မရောက်ဖြစ်

By Moe Htet
Her.

Her.

ဟိုး လွန်ခဲ့တဲ့ ကာလပေါင်းများစွာမှာ နတ်သမီးတစ်ပါး မြေပေါ်သက်ဆင်းလာခဲ့ဖူးတယ်။ နှစ်သစ်ကူးမတိုင်မီရက်ပိုင်းလေးမှာပေါ့။ သူ့ဘဝလေးက ပျော်ရွှင်ခဲ့ရဖူးတယ် ကြေကွဲခဲ့ရဖူးတယ်

By Moe Htet
What I've been doing

What I've been doing

Hi... ကျနော် မိုးပါ။ ဒီကြားထဲ ကျနော့်ဘဝမှာ အပြောင်းအလဲတွေ အများကြီးဖြစ်သွားတယ်။ ကောင်းတာလေးတွေရော ဆိုးတာလေးတွေရောပေါ့။ ရှေ့ဆက်ဖို့ ပြင်ဆင်စရာတွေ အများကြီးရှိသလို၊ သင်ခန်းစာယူစရာ

By Moe Htet