စိတ်ကူးလေး

စိတ်ကူးလေး

တကယ်တော့လဲလေ ဆောင်းတွင်းမှာ တခြားကိုယ့်သူငယ်ချင်းတွေ မိတ်ဆွေတွေအသိတွေအကုန်လုံးကိုယ်စီနိုင်ငံအသီးသီးကမွေးရပ်မြေတွေဆီပြန်သွားတာမြင်ရတော့ အားကျမိတယ်ဗျ။ သူတို့တွေဆိုဗျာ အကုန်လုံးက ကျောင်းသားတွေပဲ။ ဒါပေမယ့် ပြန်လို့ရသေးတယ်။

Christmasဆိုတာမိသားစုတွေ ချစ်သူ၊ သူငယ်ချင်း၊ မောင်နှမ စတဲ့သူတွေအကုန်လုံးရင်းရင်းနီးနီးနဲ့ စားစရာတွေလုပ်ကြတယ် ဖန်တီးကြတယ် အချင်းချင်း giftတွေဖလှယ်ကြတယ်။

Christmasအတွက် အလှဆင်တာလေးတွေအလှဆင်တယ်။ ကလေးလေးတွေရှိတဲ့အိမ်လေးတွေဆို gift boxလေးတွေ ဟိုဖွက်ဒီဖွက်နဲ့လဲလုပ်ကြပါတယ်။ သစ်ပင်လေးတွေအများကြီးထဲကတစ်ပင်ရွေးတယ်။ ကားနဲ့သယ်သွားတယ်။ အိမ်ရောက်တဲ့အခါ အပင်ပေါ် မီးလုံးလေးတွေ မီးသီးလေးတွေ ကြယ်ပုံလေးတွေရော နတ်သမီးပုံလေးတွေချိတ်ကြတယ်။

ကိုယ်တွေကျတော့လဲ မဖြစ်မနေထွက်လာခဲ့ရတယ်။ တစ်ကိုယ်တည်းနေရတာကရွေးချယ်ခွင့်မရှိတဲ့အခါ အထီးကျန်လာရော။ ကိုယ်ချစ်တဲ့သူတွေနဲ့ဖြတ်သန်းချင်မိတယ်။ ခက်တာကအရာရာကွာဝေးလွန်းတယ်။

တစ်ချိန်ချိန်မှာတော့ဗျာ ကျနော်မျှော်လင့်ပါတယ်။

မြန်မာပြည်ထဲမှာကို အင်မတန်မှ ဝေးလံခေါင်ခိုက်တဲ့ ရာသီဥတုမအေးတအေးရှိတဲ့ တောင်ပေါ်မြို့လေးတစ်မြို့က အိမ်လေးတစ်အိမ်မှာ ကိုယ်ရယ် ကိုယ့်ကို သိပ်ချစ်တဲ့အမျိုးသမီးလေးရယ် ချစ်စရာအရမ်းကောင်းတဲ့ ကလေးလေးတွေရော တဂျီဂျီနဲ့ ကပ်တွယ်နေမယ့် ခွေးလေးတွေရော ကြောင်လေးတွေရောနဲ့ ပွက်လောရိုက်နေမယ့်ဘဝလေးမျိုးပေါ့။

ကလေးလေးတွေအကုန်အေးမှာစိုးလို့ ချည်ထိုးဆွယ်တာထူထူလေးတွေ ဝတ်ပေးမယ်။ ခွေးလေးတွေအတွက်တော့ အထူးဖိနပ်လေးတွေ။ သူတို့လေးတွေကတော့ အချင်းချင်းစကြနောက်ကြလိုက် ပြေးလိုက်နဲ့ လက်ဆောင်gift ပုံးလေးတွေဆွဲဖြဲကြမှာပေါ့။

ကိုယ်ချစ်တဲ့အမျိုးသမီးလေးက စကားသံဝဲဝဲလေးနဲ့ သီချင်းလေးတွေ ဆိုနေမယ်။ ထွေထွေထူးထူးစိတ်ပူစရာအလုပ်ကိစ္စတွေ ကျောင်းကိစ္စတွေလဲ မေ့ထားမယ်။ အရေးကြီးတာမိသားစု။

ဒီလိုအခြေအနေလေးတွေကို ကိုယ်အပါအဝင် မိသားစုတိုင်း ကြုံရစေဖို့ ကြိုးစားကြရမယ်။ ကိုယ်မကြုံရရင်တောင် နောက်မျိုးဆက်တွေပေါ့ဗျာ။ အိမ်မက်တွေစျေးကြီးလဲ စျေးကြီးသင့်လို့ကြီးတာပဲဥစ္စာ။

အတွေးလေးတွေနဲ့ ခဏကြာပြီးတဲ့အခါ လက်ရှိဘဝလေးကစောင့်မျှော်နေတယ်။ ဘဝကြီးကို အားမပြတ်ဆက်လျှောက်ရဦးမယ်လေတဲ့။ စိတ်ကူးဆိုတာ လက်တွေ့ရဲ့မျိုးစေ့ဆို ချိုမြိန်တဲ့ပန်းသီးတစ်လုံးကျလာမယ့်နေ့အထိ ကျနော်ရေလောင်းနေပါဦးမယ်။


Read more

Her.

Her.

ဟိုး လွန်ခဲ့တဲ့ ကာလပေါင်းများစွာမှာ နတ်သမီးတစ်ပါး မြေပေါ်သက်ဆင်းလာခဲ့ဖူးတယ်။ နှစ်သစ်ကူးမတိုင်မီရက်ပိုင်းလေးမှာပေါ့။ သူ့ဘဝလေးက ပျော်ရွှင်ခဲ့ရဖူးတယ် ကြေကွဲခဲ့ရဖူးတယ်

By Moe Htet
What I've been doing

What I've been doing

Hi... ကျနော် မိုးပါ။ ဒီကြားထဲ ကျနော့်ဘဝမှာ အပြောင်းအလဲတွေ အများကြီးဖြစ်သွားတယ်။ ကောင်းတာလေးတွေရော ဆိုးတာလေးတွေရောပေါ့။ ရှေ့ဆက်ဖို့ ပြင်ဆင်စရာတွေ အများကြီးရှိသလို၊ သင်ခန်းစာယူစရာ

By Moe Htet
"သွေးမအေးသေးတဲ့ လန်ဒန်က ၈၈၈၈"

"သွေးမအေးသေးတဲ့ လန်ဒန်က ၈၈၈၈"

ဆန္ဒပြပွဲတွေဆိုတာ ခပ်စိတ်စိတ် တစ်ပတ်တစ်ခါ နှစ်ပတ်တစ်ခါရှိတတ်ပါတယ်။ ပွဲကြီးပွဲကောင်းလေးတွေကတော့ တစ်လတစ်ခါ ၂လတစ်ခါပေါ့။ ကျနော် ဒီလို ၈၈၈၈ လို သမိုင်းဝင်ပွဲကြီးတွေဆိ

By Moe Htet