Her.

Her.

ဟိုး လွန်ခဲ့တဲ့ ကာလပေါင်းများစွာမှာ နတ်သမီးတစ်ပါး မြေပေါ်သက်ဆင်းလာခဲ့ဖူးတယ်။ နှစ်သစ်ကူးမတိုင်မီရက်ပိုင်းလေးမှာပေါ့။ သူ့ဘဝလေးက ပျော်ရွှင်ခဲ့ရဖူးတယ် ကြေကွဲခဲ့ရဖူးတယ်။ ကောင်းခြင်းဆိုးခြင်း လှိုင်းလုံးတွေကြား လေနတ်ဘုရားတွေရဲ့ တွန်းပို့မှုနဲ့ ကျနော့်ရင်ခွင်ထဲရောက်ရှိလာတယ်။

ကျနော်သူ့ကိုချစ်တယ်။

ပြောပြမတတ်အောင်ချစ်တယ်။

သူ့ရဲ့အပြုံးလေးတွေက ကြည်နူးဖို့ကောင်းတယ်။ မျက်လုံးလေးက အကြိမ်ကြိမ်ရင်ခုန်မိပါတယ်။ ကျနော့်ကောင်မလေးဖြစ်နေပါပြီသူက။ ဒါပေမယ့် စတင်ပိုးပန်းစဥ်တုန်းကလိုပဲ နေ့တိုင်းဖော်ကြူးနေမိတယ်။

သူနဲ့ကျနော် စကားလဲများပါတယ်၊ ရန်လဲဖြစ်တယ်။ ခဏခဏပါပဲ။ ဒါပေမယ့် လမ်းခွဲဖို့တော့မမြင်သေး။ မိုးကြိုးလိုအနမ်းတွေနဲ့ ထွေးပိုက်ထားတယ်။ ခိုင်မာတဲ့လက်တစ်စုံနဲ့ ဆုပ်ကိုင်ထားတယ်။ သူရှိလာတိုင်း ရင်ခုန်သံတိုင်းက တေးသံသာပမာ ညက်ညောလှတယ်။

ချစ်တယ်ဆိုတာက အတိတ်ကသူ၊ ပစ္စုပ္ပန်ကသူ၊ အနာဂတ်ကသူ ၃ဦးလုံးကိုချစ်မြတ်နိုးရမယ်။ ဒါမှချစ်ခြင်းမည်တယ်။ စာဖွဲ့ဖို့ကိုယ်မလေး၊ ကဗျာရေးဖို့ကိုယ်မတွန့်၊ ကိုယ်ဝန်ခံပါတယ် တကယ်ပဲကိုယ်ချစ်သွားပြီထင်ပါရဲ့။

Read more

What I've been doing

What I've been doing

Hi... ကျနော် မိုးပါ။ ဒီကြားထဲ ကျနော့်ဘဝမှာ အပြောင်းအလဲတွေ အများကြီးဖြစ်သွားတယ်။ ကောင်းတာလေးတွေရော ဆိုးတာလေးတွေရောပေါ့။ ရှေ့ဆက်ဖို့ ပြင်ဆင်စရာတွေ အများကြီးရှိသလို၊ သင်ခန်းစာယူစရာ

By Moe Htet
"သွေးမအေးသေးတဲ့ လန်ဒန်က ၈၈၈၈"

"သွေးမအေးသေးတဲ့ လန်ဒန်က ၈၈၈၈"

ဆန္ဒပြပွဲတွေဆိုတာ ခပ်စိတ်စိတ် တစ်ပတ်တစ်ခါ နှစ်ပတ်တစ်ခါရှိတတ်ပါတယ်။ ပွဲကြီးပွဲကောင်းလေးတွေကတော့ တစ်လတစ်ခါ ၂လတစ်ခါပေါ့။ ကျနော် ဒီလို ၈၈၈၈ လို သမိုင်းဝင်ပွဲကြီးတွေဆိ

By Moe Htet
Red Sea (သို့မဟုတ်) လန်ဒန်မြို့ရဲ့လူပင်လယ်။

Red Sea (သို့မဟုတ်) လန်ဒန်မြို့ရဲ့လူပင်လယ်။

ဒီနေ့ အောက်စဖို့ဒ် (Oxford) ရဲ့ အေးချမ်းတဲ့ မနက်ခင်းကို ကျောခိုင်းပြီး လန်ဒန်ဆီကို အပြေးအလွှား လာခဲ့ရတဲ့ အကြောင်းရင်းက ၂ခုတည်းပါ။ ကျနော့်သူငယ်ချင်းကောင်လေးက သာမန်ပရိသတ်တစ်

By Moe Htet