Her.
ဟိုး လွန်ခဲ့တဲ့ ကာလပေါင်းများစွာမှာ နတ်သမီးတစ်ပါး မြေပေါ်သက်ဆင်းလာခဲ့ဖူးတယ်။ နှစ်သစ်ကူးမတိုင်မီရက်ပိုင်းလေးမှာပေါ့။ သူ့ဘဝလေးက ပျော်ရွှင်ခဲ့ရဖူးတယ် ကြေကွဲခဲ့ရဖူးတယ်။ ကောင်းခြင်းဆိုးခြင်း လှိုင်းလုံးတွေကြား လေနတ်ဘုရားတွေရဲ့ တွန်းပို့မှုနဲ့ ကျနော့်ရင်ခွင်ထဲရောက်ရှိလာတယ်။
ကျနော်သူ့ကိုချစ်တယ်။
ပြောပြမတတ်အောင်ချစ်တယ်။
သူ့ရဲ့အပြုံးလေးတွေက ကြည်နူးဖို့ကောင်းတယ်။ မျက်လုံးလေးက အကြိမ်ကြိမ်ရင်ခုန်မိပါတယ်။ ကျနော့်ကောင်မလေးဖြစ်နေပါပြီသူက။ ဒါပေမယ့် စတင်ပိုးပန်းစဥ်တုန်းကလိုပဲ နေ့တိုင်းဖော်ကြူးနေမိတယ်။
သူနဲ့ကျနော် စကားလဲများပါတယ်၊ ရန်လဲဖြစ်တယ်။ ခဏခဏပါပဲ။ ဒါပေမယ့် လမ်းခွဲဖို့တော့မမြင်သေး။ မိုးကြိုးလိုအနမ်းတွေနဲ့ ထွေးပိုက်ထားတယ်။ ခိုင်မာတဲ့လက်တစ်စုံနဲ့ ဆုပ်ကိုင်ထားတယ်။ သူရှိလာတိုင်း ရင်ခုန်သံတိုင်းက တေးသံသာပမာ ညက်ညောလှတယ်။
ချစ်တယ်ဆိုတာက အတိတ်ကသူ၊ ပစ္စုပ္ပန်ကသူ၊ အနာဂတ်ကသူ ၃ဦးလုံးကိုချစ်မြတ်နိုးရမယ်။ ဒါမှချစ်ခြင်းမည်တယ်။ စာဖွဲ့ဖို့ကိုယ်မလေး၊ ကဗျာရေးဖို့ကိုယ်မတွန့်၊ ကိုယ်ဝန်ခံပါတယ် တကယ်ပဲကိုယ်ချစ်သွားပြီထင်ပါရဲ့။