ကျနော်အိမ်ပြောင်းနေတယ်။

ကျနော်အိမ်ပြောင်းနေတယ်။

ကျနော်လောလောဆယ်မှာတော့ နွေရာသီအဆောင်ကို check outလုပ်လိုက်ပြီ။ သတိထားရမယ့်အရာများကတော့ များတော့များပါတယ်။ အကျဥ်းအနေနဲ့ကတော့

✨ အဆောင်check outလုပ်တဲ့အခါ သတိထားရမယ့်ကိစ္စများ✨

အဆောင်ကို နဂိုမူလပုံစံအတိုင်း သန့်သန့်ရှင်းရှင်းထားခဲ့ပါ။ အခန်းကိုအကြောင်းအမျိုးမျိုးကြောင့် deep cleanဖို့လိုအပ်တယ်တို့ဆိုပြီး အခြေအနေဖြစ်တဲ့အခါ £150/£200ဆိုပြီး Fine သဘောမျိုး cleaning feeပေးနေရပါမယ်။​ အကောင်းတကာ့အကောင်းဆုံးcleaning ပစ္စည်းတွေဝယ် ၂နာရီ ၃ နာရီလောက်ရင်းလိုက်ရင်မပေးရတော့ပါဘူး။ 

🍃 အဆောင်check outလုပ်တာကို ကြိုတင်ပြီးတော့ပြင်ဆင်ပါလုပ်ပါ။ 


ကျနော်သာ ရွေးချယ်ခွင့်ရရှိခဲ့ရင်

  • အဆောင်အသစ် ရှာဖွေတာကို အခြေအနေပေါ်မူတည်ပြီး ၆လလောက်ကြိုလုပ်မယ်။​
  • အဆောင်ပြောင်းဖို့စီစဥ်ဝယ်ခြမ်းတာကို ၁ လ လောက်ကြိုတင်ဝယ်ခြမ်းမယ်(ဥပမာ- ထုတ်ပိုးတဲ့ပစ္စည်းတွေကအစ လူခေါ်တာအဆုံး)
  • ပစ္စည်းတွေအကုန်စုံပြီဆိုရင် အဆောင်ပြောင်းဖို့ ထုတ်ပိုးမှုတို့ကို ၁/၂ ပတ်လောက်ကြိုတင်လုပ်ဆောင်မယ်။ 
  • Check out dateက သြဂုတ်လ ၂၉ ရက်ဆို ၂၈/၂၇လောက်ကတည်းက check outလုပ်မယ်။ တစ်ခုခုဖြစ်ခဲ့သည်ရှိသော် ပြောင်းလဲလို့ရအောင်။ 
  • ပစ္စည်းတွေအကုန်လုံးစစ်ဆေးပြီးတော့ ရှာဖွေလို့ရအောင် ကြံဆမယ်။ 

အဆောင်ကိုကြိုတင်ရှာဖွေပါ။ ဖြစ်နိုင်ရင် အဆောင်ကိုbookလို့ရပြီဆိုတဲ့bookingဖွင့်ကတည်းက ရှာဖွေပါ၊ 


ငွေဘာကြောင့်လိုအပ်တာလဲ

အရေးအကြီးဆုံးအချက်ကတော့ ငွေပါ။ ငွေသုံးဖို့မဖြစ်မနေလိုအပ်လာမယ့်အခိုက်အတန့်တွေအများကြီးပါပဲ။ အရေးပေါ်ထပ်ပြီးပေးရတာမျိုးဖြစ်စေ ငွေနဲ့ရှင်းမှ ပေးမှရမယ့်အဆင်ပြေမယ့်ကိစ္စမျိုးတွေရှိစမြဲပါ။ သတိထားလုပ်ပါ။

ဒီိအိမ်ပြောင်းတယ်ဆိုတဲ့ကိစ္စက ကိုယ်တွေ အထူးတလည်ကျွမ်းကျင်ပြီးတော့ လုပ်နေတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ ဒီအတွက် သေချာပေါက်တွက်ထားလို့မရပါဘူး။ 


ကုန်ကျစရိတ်

ကုန်ကျစရိတ်ကို ကျနော်တို့က အနည်းဆုံးထားတွက်တတ်ကြတယ်။ အဲ့လောက်ထဲမဝင်ရင်စိတ်ညစ်ရတယ်။ တကယ်တော့ ငွေဆိုတာ ကျနော်တို့ဘဝတွေအတွက်ကူညီပေးတဲ့အရာတစ်ခု assetတစ်ခုပါ။ အခြားသော ကျနော်တို့ရဲ့အချိန်တွေ၊​ခွန်အားတွေ၊​စိတ်တွေ ဒါတွေနဲ့တန်းတူအရေးပါပါတယ်။ သူ့တစ်ဦးတည်းသီးသန့်အရေးပါနေတာမျိုးလို့မသတ်မှတ်စေချင်ပါဘူး။ 

၂ ခါပြန်ကုန်တတ်လို့ပါ။ 

ကျနော်ဆိုအခု အရမ်းပင်ပန်းနေတယ်။ ဒါတောင် ငွေအထိုက်အလျောက်လက်ထဲသုံးစရာရှိလို့သာတော်ကာကြတယ်။ ဘယ်အလုပ်မဆို တကယ်လုပ်မှ တကယ်လုပ်ဖူးမှ လုပ်နေကြဖြစ်မှ သိကြတာမျိုးပါ။ အတွေ့အကြုံရှိမှသာ အတတ်နိုင်ဆုံးချွေတာပါ။​ အဓိကက ချွေတာတယ်ဆိုတာက ငွေအနည်းဆုံးအသုံးပြုတာမဟုတ်ဘူး။ efficientအဖြစ်ဆုံးအသုံးပြုတာပါ။ 

❤️အရင်လိုသေချာလေးရေးသားထားတဲ့ formatရှိတဲ့ စာမျိုး ကျနော်ထပ်မံဖန်တီးပါဦးမယ်။ လောလောဆယ်တော့ ကျနော် အိမ်ပြောင်းအိမ်ရွှေ့ကိစ္စတွေနဲ့ အင်မတန်ရှုပ်ထွေးနေလို့ စာသေချာမရေးဖြစ်သေးပါဘူးဗျ။ 


Read more

Her.

Her.

ဟိုး လွန်ခဲ့တဲ့ ကာလပေါင်းများစွာမှာ နတ်သမီးတစ်ပါး မြေပေါ်သက်ဆင်းလာခဲ့ဖူးတယ်။ နှစ်သစ်ကူးမတိုင်မီရက်ပိုင်းလေးမှာပေါ့။ သူ့ဘဝလေးက ပျော်ရွှင်ခဲ့ရဖူးတယ် ကြေကွဲခဲ့ရဖူးတယ်

By Moe Htet
What I've been doing

What I've been doing

Hi... ကျနော် မိုးပါ။ ဒီကြားထဲ ကျနော့်ဘဝမှာ အပြောင်းအလဲတွေ အများကြီးဖြစ်သွားတယ်။ ကောင်းတာလေးတွေရော ဆိုးတာလေးတွေရောပေါ့။ ရှေ့ဆက်ဖို့ ပြင်ဆင်စရာတွေ အများကြီးရှိသလို၊ သင်ခန်းစာယူစရာ

By Moe Htet
"သွေးမအေးသေးတဲ့ လန်ဒန်က ၈၈၈၈"

"သွေးမအေးသေးတဲ့ လန်ဒန်က ၈၈၈၈"

ဆန္ဒပြပွဲတွေဆိုတာ ခပ်စိတ်စိတ် တစ်ပတ်တစ်ခါ နှစ်ပတ်တစ်ခါရှိတတ်ပါတယ်။ ပွဲကြီးပွဲကောင်းလေးတွေကတော့ တစ်လတစ်ခါ ၂လတစ်ခါပေါ့။ ကျနော် ဒီလို ၈၈၈၈ လို သမိုင်းဝင်ပွဲကြီးတွေဆိ

By Moe Htet