Moe Notes Podcast Update

Moe Notes Podcast Update

Podcastတို့ အသံသွင်းတဲ့ကိစ္စတို့ ကျနော် ဒီနေ့တစ်နေကုန် ကြိုးစားကြည့်နေတယ်။ ဖြစ်ချင်တော့ အသံသွင်းနေတုန်း နာရီဝက် ၁ နာရီလောက်သာကြာသွားတယ်။​

ကိုယ်ကမသိ အပြင်မှာမှောင်လာတော့ ကိုယ့်မျက်နှာကြီးလဲ ပျောက်ဆုံးသွားသလိုဖြစ်သွားတယ်။ တကယ် ရီလဲရီရပါတယ်။​ ကိုယ်ကသာသွင်းနေတာ မျက်နှာကြီးက မသိရင် သရဲကြီး မျက်တွင်းညိုညိုနဲ့ ပုံပြင်ပြောပြနေတဲ့ဒီဇိုင်း။

မကြာမီအချိန်အတွင်း ကျနော်အသံဇာတ်လမ်းပုံစံမျိုးလေးတွေတို့ Interviewလေးတွေ Articleလေးတွေကို အသံနဲ့ဖတ်ပြီးပြောကြည့်တာမျိုးတွေတော့ထုတ်လွှင့်သွားပါမယ်။ တချို့episodeတွေ ၁၀မိနစ်လောက်ကြာမယ်။​ တချို့တွေ နာရီ​ဝက် တချို့လဲ ဒီထက်ကြာရင်လဲကြာမယ်။ 

Facebook, Youtubeတို့ကနေစလို့ Spotifyတို့ Apple Podcastတို့ အထိတော့ ကြိုးစားကြည့်မယ်။​ ခက်တာက ကျနော်ကိုယ်တိုင်လဲ ဒီကိစ္စတွေနဲ့ပတ်သက်တဲ့ နည်းပညာပိုင်းတွေကို လေ့လာနေသလိုမျိုးဖြစ်နေတော့ခက်ခဲနေတာပါ။ ဖြစ်ချင်တော့ Budgetလဲ သိပ်မှမသုံးနိုင်တာ။ 

ဒီတော့ မိတ်ဆွေတို့အတွက်လဲ အဆင်အပြေဆုံး ပုံစံမျိုးနဲ့ ထည့်သွင်းသွားမယ်။​ တခြားသော authorတွေရဲ့ စာအုပ်ဖတ်တဲ့ပုံစံလေးတွေကိုလဲ လေ့လာနေတာလဲပါတာပေါ့။ 

ကြားထဲမှာတော့ သေချာပေါက် စာလေးတွေတော့မပြတ်ရေးနေဦးမယ်။ 

မိတ်ဆွေတို့လဲ ကြားချင်တဲ့အကြောင်းလေးတွေတို့ အကြံပေးချင်တာလေးတွေတို့ရှိရင်လဲပြောပြပေးပါဦး။ 

ဒီPodcastကိစ္စကလဲ စာဖတ်သူမိတ်ဆွေတွေ commentရေးတာလေးတွေကြောင့် ကျနော်အကောင်အထည်ဖော်ဖြစ်သွားတာပါ။


ကြားထဲမှာတော့ အိမ်ပြောင်းဖို့ကိစ္စနဲ့ပတ်သက်ပြီး လုံးပမ်းနေရတယ်။  အိမ်ကပိုက်ဆံလွှဲတာကိုစောင့်ဆိုင်းရင်း မနက်ဖန်သဘက်ခါတောင် ဘယ်နားနေရမှန်းမသိပုံစံမျိုးနဲ့ဖြစ်နေတယ်။ နိုင်ငံရေးကိုပဲအပြစ်တင်ရမလား ကိုယ့်ကိုယ်ကိုပဲအပြစ်တင်ရမလား။ အကြောင်းတွေတိုက်ဆိုင်လာတာပေါ့ဗျာ။ 

© Moe 2024. All Rights Reserved

Read more

Her.

Her.

ဟိုး လွန်ခဲ့တဲ့ ကာလပေါင်းများစွာမှာ နတ်သမီးတစ်ပါး မြေပေါ်သက်ဆင်းလာခဲ့ဖူးတယ်။ နှစ်သစ်ကူးမတိုင်မီရက်ပိုင်းလေးမှာပေါ့။ သူ့ဘဝလေးက ပျော်ရွှင်ခဲ့ရဖူးတယ် ကြေကွဲခဲ့ရဖူးတယ်

By Moe Htet
What I've been doing

What I've been doing

Hi... ကျနော် မိုးပါ။ ဒီကြားထဲ ကျနော့်ဘဝမှာ အပြောင်းအလဲတွေ အများကြီးဖြစ်သွားတယ်။ ကောင်းတာလေးတွေရော ဆိုးတာလေးတွေရောပေါ့။ ရှေ့ဆက်ဖို့ ပြင်ဆင်စရာတွေ အများကြီးရှိသလို၊ သင်ခန်းစာယူစရာ

By Moe Htet
"သွေးမအေးသေးတဲ့ လန်ဒန်က ၈၈၈၈"

"သွေးမအေးသေးတဲ့ လန်ဒန်က ၈၈၈၈"

ဆန္ဒပြပွဲတွေဆိုတာ ခပ်စိတ်စိတ် တစ်ပတ်တစ်ခါ နှစ်ပတ်တစ်ခါရှိတတ်ပါတယ်။ ပွဲကြီးပွဲကောင်းလေးတွေကတော့ တစ်လတစ်ခါ ၂လတစ်ခါပေါ့။ ကျနော် ဒီလို ၈၈၈၈ လို သမိုင်းဝင်ပွဲကြီးတွေဆိ

By Moe Htet