Noe

မတ်လ ၇ ရက်နေ့ ၂၀၂၀ ကလောမြို့လေးက ကျနော်သိပ်ကြိုက်ခဲ့သော Monaco Cafeထဲကပေါ့။

“What is this life if, full of care,
We have no time to stand and stare.
No time to stand beneath the boughs
And stare as long as sheep or cows.”…..

ရန်ကုန်ကPrivate schoolတစ်ခုကို ပြောင်းလာခဲ့တယ်။​

စာတွေပြန်ဖတ်နေရတာပေါ့။ စာမေးပွဲက မတ်လဆန်း။ ခုဖြင့်February ရောက်နေပြီလေ။ ဆရာတွေကတော့ သူတို့အချစ်တော်ကျောင်းသားလေးတွေကိုပဲပြောနေတာပေါ့။ 

“ဆရာမကျက်ခိုင်းတာတွေရပြီလား။

“ရပါပြီဆရာမ။”

“အရမ်းတော်တာပဲ စည်သူ။ ဆုပေးပွဲရောက်ရင်ဆရာမရဲ့ကျောင်းသားလေးဆိုပြီးကြွားလိုက်မယ်။ ကြားလား”

“ဟုတ်ကဲ့ပါဆရာမ”

အတန်းပိုင်နဲ့ ရှေ့ဆုံးတန်းက စည်သူနဲ့ စကားပြောနေတာကြားလိုက်ရတော့ ထုံးစံအတိုင်းခပ်မဲ့မဲ့ပြုံးလိုက်မိတယ်။ သိပ်ကိုကျေနပ်နေကြတာပဲ။ ဆရာဆရာမတွေကတော့ နိုးကိုသိပ်စိတ်မဝင်စားပါဘူး။ နိုးကကျောင်းအရမ်းပျက်တာကိုး။ နိုးကတော့စိတ်မဝင်စားပေါင်။ သူတို့ဘာပြောပြော ကိုယ်နဲ့မှမဆိုင်ဘဲ။ ကိုယ်သိတာ ကျောင်းချိန်မြန်မြန်ပြီးဖို့၊ စာအုပ်ဖတ်ဖို့။ 

အတွေးလေးတွေခဏရုတ်သိမ်းပြီး ကျောင်းခန်းထဲက ထိုင်နေကြထိုင်ခုံလေးပေါ်ထိုင်နေရင်း နားကြပ်လေးတပ်လိုက်တယ်။ အဲကွန်းအေးတာမခံနိုင်လို့ နောက်ဆုံးတန်းမှာပဲအမြဲထိုင်ဖြစ်တယ်။ 



“ကလင်ကလင်ကလင်” 

“နိုင်ငံတော်သီချင်းသီဆိုရန် ထိုင်ခုံမှ အလေးပြုကြရန်လေးစားစွာပန်ကြားအပ်ပါတယ်”

“အော် သူတောင်မရောက်လာသေးဘူးပဲ”

မတ်တတ်ရပ်နေရင်း တွေးမိလိုက်တယ်။ သူဆိုတာအရပ်ရှည်ရှည်၊ ဆံပင်ကောက်ကောက်၊ ထောင်ထောင်မောင်းမောင်းနဲ့ကျောင်းက ခပ်ရွဲ့ရွဲ့ကောင်လေးတစ်ယောက်။ ကိုယ်အမြဲတမ်းအားကျခဲ့ရတဲ့သူပေါ့။ သူကစာမရဘူး။ ပညာတော့တော်တယ်။ ရှုပ်သွားလား။

စာဆိုတာက “မြန်မာနိုင်ငံ၏စိုက်ပျိုးရေးဧကပေါင်း…….”၊ ပညာဆိုတာကတော့ “ဒီလိုမျိုးရေမရမီးမရတဲ့ အခြေအနေတစ်ခုမှာ သင်သာဆို ဘယ်လိုရင်ဆိုင်မလဲ။”ပေါ့။ 

ကောင်လေးကကိုယ့်လိုပဲတခြားနာမည်ကြီးကျောင်းတစ်ခုကပြောင်းလာတာ။ အားကစားသုံးရေဗူးလေးအမြဲပါတယ်။ နားကြပ်လေးတစ်ဖက်နဲ့ Someone You Lovedသီချင်းလေးညည်းနေတတ်တဲ့သူ။

“Daniel နင်ကျောင်းနောက်ကျပြန်ပြီနော်”

“ဗျာ Teacher. Traffic Jamနဲ့တိုးနေလို့ပါ။ အိမ်စာလုပ်လာပါတယ်”

အမယ် သူတောင်အိမ်စာလုပ်လာတယ်။ ဟာသေပြီဗျိုး။ Bio Teacherရဲ့ ပုံဆွဲခိုင်းထားတာမလုပ်ရသေးဘူး။ အချိန်ကနောက် ၁၅မိနစ်ဆိုစတော့မှာ။ ကိုယ်လဲမဆွဲတတ်။ ပျာယာခတ်နေပြီ။ ဘယ်လိုလုပ်ရမှန်းမသိဘူး။ 


“အကို”

တိုးတိုးလေးတို့လိုက်တယ်။ မကြားဘူးထင်ပါရဲ့။

“ဒန်နီယယ်ရေ”

နားကြပ်လေးဖြုတ်ပြီး “အင်း၊ ပြော”

“ဘာမှတော့မဟုတ်ဘူး။ နင့်ပုံဆွဲစာအုပ်လေးကြည့်ချင်လို့။”

“ခဏနော်”

ဆရာမဆီသူသွားပြန်ယူတယ်။ ခပ်တည်တည်နဲ့။ ဆရာမကတော့အာရုံမရ။

“ဒီမှာပုံ-၁ ကနေ ၁.၄အထိ”

လှလိုက်တာ။ ပုံလေးတွေကိုဆီခြယ်ထားတဲ့အတိုင်းပဲ။ ပုံဆွဲတာနဲ့မတူဘဲနဲ့ ပန်းချီsketchလေးလိုပဲ။ 

“မဆွဲရသေးဘူးမလား”

“ဟီးးး၊ ဟုတ်”

“ခဏစောင့်၊ ပြီးရင်ပေးမယ်”ဆိုပြီး စာအုပ်ဆွဲယူသွားတယ်။ ကိုယ်ကတော့သူ့ကို အင်း၊ အဲ ဆိုရုံကလွဲပြီးဘာမှမတတ်သာခဲ့။ 


10:00 AM

ကျောင်းရဲ့နောက်ဆုံးနေ့လေးမရောက်ခင်ရက်သတ္တပတ်ပေါ့။တဖြည်းဖြည်းနဲ့ကျောင်းပြောင်းလာပြီးတဲ့နောက် နှစ်တွေကြာလာတော့ ကျောင်းနဲ့ဆက်စပ်ပြီးဖြစ်လာတဲ့သံယောစဉ်လေးကလဲအမြစ်တွယ်လာတာပေါ့ရှင်။ ကျောင်းကတော့သာမန်ကျောင်းလေးပါ။ (၃)ထပ်ပါတယ်။ စာမေးပွဲတွေကတော့ ရင်ခုန်စရာမကောင်းလှပါဘူး။

နိုးကစာတော်တာကိုး(တစ်ဖြတ်- စာဆိုသည်မှာ အတော့်ကိုဆိုးဆိုးဝါးဝါးအလွတ်ကျက်စာလေးတွေ)။ နိုးကတော့ဒုတိယထပ်မှာစာသင်တာပေါ့နော်။ အတော့်ကိုတိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်လေးပါ။ စာဆိုနေကြတဲ့အသံလေးတွေကတော့မုန်းစရာလေးတွေ။ 

“ စာအုပ်ထပ်ကြပါ”

To be continued

"ဒီစာလေးကတော့ ကျနော် ၂၀၂၂ခုနှစ်က ပထမဦးဆုံး စာလေးရေးဖြစ်တာပါ။ ကျောင်းတုန်းက အချစ်ဇာတ်လမ်းလေးတစ်ဖြတ်ကို စိတ်ကူးယဥ်တာပေါ့ဗျာ။"

Read more

Red Sea (သို့မဟုတ်) လန်ဒန်မြို့ရဲ့လူပင်လယ်။

Red Sea (သို့မဟုတ်) လန်ဒန်မြို့ရဲ့လူပင်လယ်။

ဒီနေ့ အောက်စဖို့ဒ် (Oxford) ရဲ့ အေးချမ်းတဲ့ မနက်ခင်းကို ကျောခိုင်းပြီး လန်ဒန်ဆီကို အပြေးအလွှား လာခဲ့ရတဲ့ အကြောင်းရင်းက ၂ခုတည်းပါ။ ကျနော့်သူငယ်ချင်းကောင်လေးက သာမန်ပရိသတ်တစ်

By Moe Htet
မှန်ကန်သောပြိုလဲခြင်း (The Right Way to Fall Apart)

မှန်ကန်သောပြိုလဲခြင်း (The Right Way to Fall Apart)

ကျနော်စာမရေးတာ အတော်လေးကြာခဲ့ပါပြီ။ UK Student visa တွေ မပိတ်ခင်ကတည်းက ရေးဖို့ စိတ်သိပ်မပါခဲ့ဘူး။ လူတွေဖတ်လို့ကောင်းမယ့် "အလွယ်" တွေလဲ ဖန်တီးပြီး မရေးချင်ခဲ့ဘူ

By Moe Htet
Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

ဒီStudent Visaကိစ္စအပြောင်းအလဲနဲ့ပတ်သက်ပြီး ကျနော်အကြံပြုချင်တာရှိပါတယ်။ ဒါက Studentတွေရော Education Providerတွေရောကိုပါ အကျုံးဝင်ပါတယ်။ ပထမတစ်ခု။ နိုင်ငံအပြောင်းအလဲ။ ကျနော်တို့လို ကျောင်းသားအမျ

By Moe Htet