ဘာမှမဟုတ်ဘူး။

ဘာမှမဟုတ်ဘူး။

ဟယ်လို ဟယ်လို မြင်ကြရဲ့လားမသိဘူး အရေးကြီးတာပြောမှာမဟုတ်လို့ ကျော်သွားလို့ရတယ်။Educationအကြောင်းလဲမဟုတ်ဘူး။ Articleလဲမဟုတ်ဘူး။ ရီစရာလဲမကောင်းဘူး။

ဘာလုပ်မှာလဲ ငါ့ဟာငါအကျိုးရှိတာပဲကြည့်မှာပေါ့ဟုတ်တယ်မလား။ အခုအချိန်ထိဖတ်နေကြတုန်းဆိုရင်တော့ မိတ်ဆွေတို့တစ်ခုခုတော့မျှော်လင့်နေလောက်ပြီထင်ပါရဲ့။

ဒီစာလေးဖတ်တာဆုံးတဲ့အချိန်အထိ ခဏလေးအနားယူကြမယ်။ တစ်မိနစ်ပဲ။ မေးခွန်းနည်းနည်းလေးမေးမယ်။ ပြီးကျမှ ဆက်ပွတ်ချင်လဲသဘော။

ဒီလိုဗျ။ မိတ်ဆွေတို့သတိထားမိလား။ အခုမိတ်ဆွေတို့ဖုန်းသုံးနေတာ အဆုံးဆမရှိပွတ်နေတာဘယ်လောက်ကြာသွားပြီလဲ။ စစချင်း ဖုန်းကိုကောက်ကိုင်လိုက်တုန်းက ဘာအတွက်လဲ။ အဲ့အရာကောလုပ်ဖြစ်လား။ တခြားလုပ်စရာဘာတွေကို ပစ်ထားပြီး အခုလိုဖုန်းဝင်သုံးနေတာလဲ။

အနားယူချင်လို့လား။ တကယ်ကောအနားရလားဗျ။ ကျနော်တော့မထင်မိဘူး။▪

ကဲကဲ အပြစ်တင်တာတွေ နောင်တတွေလျှော့။ ထားလိုက်တော့ ကုန်ခဲ့သင့်သလောက်ကုန်ခဲ့ပြီးပြီ။ ခဏလေးအနားယူကြမယ်။▪

ခဏလေးပဲ။ ဘာစဥ်းစားစရာမှမတွေးဘူး၊ ဘာမှမလုပ်ဘူး၊ ဘာမှကြည့်မနေဘူး။ ဘယ်သူ့အကြောင်းမှလဲတွေးတောမနေဘူး။ ဒီအတိုင်းလေးပဲ။အသက်လေးရှူမယ်။ ရေကြမယ် 1,2,3,4.ပြန်ထုတ်မယ်။ 1,2,3,4.

ခဏလေးငြိမ်ငြိမ်နေကြည့်ကြမယ်။ ခုနလိုလေးဆက်ရှူမယ်။ အဆင်သင့်ဖြစ်မှ မေးခွန်းလေးတစ်ခုကိုဖြေကြည့်ကြမယ်။ အသိပညာတစ်ခုခုရစေမယ်လို့ယုံကြည်တယ်။

❓မေးခွန်း။ မိတ်ဆွေတို့အနေနဲ့ ကိုယ့်ကိုယ်ကို အနားပေးဖြစ်လား။

အနားပေးတယ်ဆိုတာကဗျာ ဖုန်းသုံးလိုက်ရုပ်ရှင်ကြည့်လိုက်က အနားပေးတာမဟုတ်ဘူးဗျ။ ဘာမှမလုပ်ဘဲနဲ့ကိုနေတာ။ တွေးစရာတွေလဲမတွေးဘူး။ စဥ်းစားစရာတွေမစဥ်းစားဘူး။ အပြည့်အဝအနားယူတာ။

ဒီနေ့ ညအိပ်ခါနီးဖြစ်ဖြစ် အိပ်ရာမထခင်ဖြစ်ဖြစ် ကြားချိန်ဖြစ်ဖြစ် ၁၀မိနစ် ၁၅မိနစ်လောက် မိမိအတွက်မိမိအချိန်ပေးပြီးဂရုစိုက်ပါ။ ရေသောက် အသက်ရှူ အကြောလျှော့ အဆင်ပြေသလိုပေါ့။ အနည်းဆုံးတော့ဗျာ ဒီအချစ်က ကိုယ်ပေးရင်ပေးတဲ့အတိုင်း ပြန်ရပါတယ်။

ကျနော်ကတော့မိတ်ဆွေတို့ကိုခင်တယ်။ မိတ်ဆွေတို့လုပ်နိုင်မယ်ဆိုတာယုံကြည်တယ်။

ကိုယ့်ကိုယ်ကိုဂရုစိုက်။ အဆင်ပြေအောင်နေ။ မျက်လုံးလေးတွေကိုအနားပေး။ စောစောအိပ် စောစောထ။ ဆုံးရှုံးခဲ့တဲ့အရာတွေအတွက် သူ့အပြစ်ကိုယ့်အပြစ်ဖွဲ့မနေနဲ့တော့။ ရှေ့ဆက်တိုးကြစို့။တာ့တာ။

(ဒီစာလေးရဲ့ရည်ရွယ်ချက်ကတော့ ကျနော်Youtubeကြည့်နေရင်း Jak Piggott ကို ကြည့်မိလိုက်တယ်။ တခြားသော Creatorတွေနဲ့မတူတာက သူက ကြည့်ရှုနေတဲ့သူတွေကို ဖုန်းမသုံးစေချင်ဘူး။ နာရီနဲ့ချီပြီး Youtube Shortsကြည့်နေတာတွေ Facebook က Short videoကြည့်နေတာတွေ မလိုချင်ဘူး။

အခုဗျာ Facebookဖြစ်စေ Youtubeဖြစ်စေ ဘယ်Content Creatorမဆို Click Baitလို့ခေါ်တဲ့ မနှိပ်နှိပ်ချင်အောင် ဆွဲဆောင်နေတဲ့ ရုပ်ပုံတွေ ဗီဒီယိုတွေ ခေါင်းစဥ်တွေနဲ့ဆွယ်ကြတယ်။ ကျနော်တော့မလုပ်ချင်ဘူး။ ကျနော်ကိုယ်တိုင်လဲမစွဲလမ်းချင်ဘူး။

အကျိုးထက်အပြစ်ပိုများတဲ့Social mediaကိုမသုံးစေချင်တဲ့အတွက် မိတ်ဆွေတို့ရဲ့ပွတ်မြဲရင်းပွတ်Scrollနေတဲ့သံသရာထဲက ရုန်းထွက်နိုင်အောင် အတွေးသစ်လေးတစ်ခုရအောင် ရေးတဲ့သဘောပါ)


Read more

Red Sea (သို့မဟုတ်) လန်ဒန်မြို့ရဲ့လူပင်လယ်။

Red Sea (သို့မဟုတ်) လန်ဒန်မြို့ရဲ့လူပင်လယ်။

ဒီနေ့ အောက်စဖို့ဒ် (Oxford) ရဲ့ အေးချမ်းတဲ့ မနက်ခင်းကို ကျောခိုင်းပြီး လန်ဒန်ဆီကို အပြေးအလွှား လာခဲ့ရတဲ့ အကြောင်းရင်းက ၂ခုတည်းပါ။ ကျနော့်သူငယ်ချင်းကောင်လေးက သာမန်ပရိသတ်တစ်

By Moe Htet
မှန်ကန်သောပြိုလဲခြင်း (The Right Way to Fall Apart)

မှန်ကန်သောပြိုလဲခြင်း (The Right Way to Fall Apart)

ကျနော်စာမရေးတာ အတော်လေးကြာခဲ့ပါပြီ။ UK Student visa တွေ မပိတ်ခင်ကတည်းက ရေးဖို့ စိတ်သိပ်မပါခဲ့ဘူး။ လူတွေဖတ်လို့ကောင်းမယ့် "အလွယ်" တွေလဲ ဖန်တီးပြီး မရေးချင်ခဲ့ဘူ

By Moe Htet
Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

ဒီStudent Visaကိစ္စအပြောင်းအလဲနဲ့ပတ်သက်ပြီး ကျနော်အကြံပြုချင်တာရှိပါတယ်။ ဒါက Studentတွေရော Education Providerတွေရောကိုပါ အကျုံးဝင်ပါတယ်။ ပထမတစ်ခု။ နိုင်ငံအပြောင်းအလဲ။ ကျနော်တို့လို ကျောင်းသားအမျ

By Moe Htet