Student Accomodation ငှားတဲ့အချိန် ပြောင်းတဲ့အချိန် အရေးကြီးတဲ့tipများ။

Student Accomodation ငှားတဲ့အချိန် ပြောင်းတဲ့အချိန် အရေးကြီးတဲ့tipများ။

ကျနော်သာရွေးချယ်ခွင့်ရမယ်ဆို ဒါတွေပြန်လုပ်မယ်။ 

🍀ကျနော်အဆောင်ရှာပုံရှာနည်းတွေ၊ ဖတ်ရှုနည်းတွေ၊ လေ့လာနည်းတွေကို ရေးသားခဲ့ပြီးပါပြီ။ ကျနော်အဆောင်တွေရှာတာ ၃ခါမကတော့ဘူး။ အဆောင်ပြောင်းရတာရွှေ့ရတာကလဲ ခနခနလိုဖြစ်နေပြီ။ ဒီတော့ အဆောင်ဘယ်လိုငှားရမလဲ။ ဘယ်ကိစ္စတွေကိုသတိတကယ်ထားရမလဲ။ ဘယ်လိုနေရာတွေပိုကုန်တတ်လဲ။ 

ကျနော်ကတော့ ငွေလဲသိပ်မသုံးနိုင်တဲ့သူ၊ ပိုက်ဆံလဲ သိပ်မပေါတဲ့သူမျိုး။ ဒီလိုသူမျိုးအတွက် အကောင်းဆုံးoptionတစ်ခုက ကျနော်အခုပြောပြမယ့် tipsတွေ။ အခုပြောနေတဲ့ကိစ္စတွေက အဆောင်တစ်ခုချင်းစီပေါ်မူတည်ပါတယ်။ အတိအကျကြီး ရနိုင်တယ်လို့ မဆိုလိုပါဘူးနော်။ 

👉🏽 - အဆောင်ရဲ့duration

👉🏽 - 1 year contracts vs စာသင်ချိန်only contracts

 👉🏽 - အဆောင်ပြောင်းခဘယ်လောက်ကုန်နိုင်လဲ။ 

 👉🏽 - Contract changeတာတို့ ပြန်ငှားတာတို့ဆိုတာဘာလဲ။

👉🏽 - Cancellation policyရဲ့ အခြေအနေ

👉🏽 - Air BnB 


✨ အဆောင်ရဲ့duration ✨

အဆောင်တွေမှာ 

  • ၃၈ ပတ် option(စာသင်တဲ့ကာလ ၈ လကျော် ၉လစာ)
  • ၄၄ ပတ်option (I have no clue)
  • ၅၂ ပတ်(၁နှစ်ပတ်လုံးစာ)

Pros and consတွေရှင်းပြပါမယ်။ 

🪵 တစ်နှစ်ပတ်လုံးစာနဲ့ စာသင်တဲ့ကာလစာ ၂ခုရှိတဲ့ထဲမှာ လူတွေအရွေးများကြဆုံးက စာသင်နှစ်ကာလပါ။ အဓိကကတော့ ကိုယ့်အိမ်ကိုယ်ပြန်လို့ရမယ်။ မဟုတ်ရင်တောင် တခြားမြို့တစ်ခုခုဖြစ်စေ လည်လို့ရမယ် ဒီလိုပေါ့။ စရိတ်တွေကလဲကြီးတာကိုး။ ကိုယ်က Summerအတွင်း UK မှာပဲဆက်နေမယ်ဆို သေချာပေါက် နေစရိတ်၊ စားစရိတ် ကုန်ဦးမယ်။ Part timeအချိန်နဲ့တော့ကာမိနိုင်ပေမယ့် အချိန်ကိုတော့ အလုပ်သွားလိုက်အိမ်ပြန်လိုက်လို့ ဆိုရလောက်တဲ့အထိတော့ကြိုးစားရမယ်။ 

✅ ၅၂ ပတ်(၁နှစ်စာ) ချုပ်တာရဲ့ ကောင်းတာကတော့

  • အိမ်ပြောင်းစရာမလိုအပ်တာ။ အဖိုးအခလဲသက်သာတယ် အချိန်လဲမကုန်တော့ဘူး။ 
  • လက်ရှိနေနေတဲ့အဆောင် အခန်းမှာတင်ပဲကို ဆက်နေခွင့်ရတတ်တယ်။ 
  • အိမ်ကိစ္စစိတ်ပူစရာမလိုတော့ဘူး တစ်နှစ်စာလုံးလုံး။

❌ မကောင်းတာကတော့

  • ကိုယ့်ကို အပြည့်အဝထိန်းချုပ်ထားတဲ့အတွက် ကိုယ်ဟာကိုယ်ဘယ်သွားသွား Rentတော့ပေးနေရဦးမယ်။ 

 ✅စာသင်နှစ်စာချုပ်တွေရဲ့ကောင်းတာကတော့။

  • နွေရာသီအတွင်း ဘယ်နိုင်ငံ ဘယ်မြို့မှာဘာလုပ်ချင်ချင်အဆင်ပြေတယ် Flexibleဖြစ်တယ်။ (အလည်ပဲဖြစ်စေ၊​ အိမ်ပြန်တာပဲဖြစ်စေ၊ အလုပ်လုပ်တာပဲဖြစ်စေ)
  • တောက်လျှောက်စိတ်ဆင်းရဲခဲ့တဲ့အခန်းမှာ နွေရာသီမှာ ဆက်နေစရာမလိုတော့ဘူး။ 
  • နွေရာသီမှာ ကိုယ်နောက်နှစ်နေမယ့်အဆောင်ကို ကြိုတင်စမ်းသပ်ရွေးချယ်နိုင်တယ်။​

❌ မကောင်းတာကတော့

  • အဆောင်ထပ်ရှာရတယ်။ ဒီအတွက် အတွေ့အကြုံတော့ရနိုင်ပေမယ့်အချိန်ကုန်တယ်။​
  • အိမ်ပြောင်းဖို့လုပ်ရတဲ့အတွက် costဖြစ်စေ လူအားဖြစ်စေ အာရုံဖြစ်စေ စားတယ်။ 
  • နေနေကြနေရာမဟုတ်တဲ့အလျောက်adaptထပ်ပြီးလုပ်ရကောင်းလုပ်ရနိုင်တယ်။ 

အဆောင်ပြောင်းခဘယ်လောက်ကုန်နိုင်လဲ။

  • ကိုယ့်ဆီမှာ ဘာပစ္စည်းတွေရှိလဲ (ဘာမှမဟုတ်တဲ့အဝတ်အစားလေးတွေကနေ စားပွဲတွေ ထိုင်ခုံတွေအထိ)
  • ကိုယ့်ရဲ့ ပြောင်းရမယ့်အကွာအဝေး
  • ကိုယ်ဘယ်လောက်ထိ လူအား အချိန် စိုက်ထုတ်နိုင်လဲ၊
  • မဖြစ်မနေအသုံးပြုရမယ့်ငွေတွေ (Packing materials, boxes, transportation fees) 
  • Transport (ကိုယ်က တစ်မြို့နယ်ကနေ တစ်မြို့နယ်ကိုလား၊​ တစ်မြို့စီကိုလား၊ တစ်နိုင်ငံစီလား၊ ဘာကားနဲ့ ပို့မှာလဲ) ပေါ်မူတည်ပါတယ်။

ငွေကို သုံးနိုင်တဲ့သူတွေအတွက်တော့ ဘာပစ္စည်းမှသယ်စရာမလိုပါဘူး။ 

ကျနော့်အတွက်တော့ လက်အိတ်ကအစ အမှိုက်အိတ်အပိုတွေအဆုံးအကုန်သယ်ပါတယ်။​ ဒီတော့ ပစ္စည်းများတဲ့အတွက် Taxi နဲ့တင်မရနိုင်ပါဘူး။ ကားကကြီးဖို့လိုအပ်ပါတယ်။ 

လူဘယ်လိုခေါ်ရလဲ။

ကိုယ့်အသိမိတ်ဆွေဖြစ်စေ၊ အပြောင်းအရွှေ့companyဖြစ်စေ၊ Moving servicesတွေ Van ငှားတဲ့serviceတွေရှိပါတယ်၊ ယုံကြည်စိတ်ချရတဲ့သူကို ခေါ်ရပါတယ်။ အချိန်နဲ့ ၁ နာရီဆို ဘယ်လောက်ဘယ်လောက်ဆိုပြီးတွက်ယူပါတယ်။ 


Contract changeတာတို့ ပြန်ငှားတာတို့ဆိုတာဘာလဲ။

ကိုယ်က အိမ်ငှားထားတယ်၊ စာချုပ်ချုပ်ထားတယ်၊ အကြောင်းအမျိုးမျိုးကြောင့်မနေဖြစ်တော့မှာမို့လို့ စာချုပ်ဖျက်ချင်တယ်။ ဘာလုပ်ရမလဲ။ 

Cancellation Policyဆိုတာဘာလဲ။

🎒 ဘယ်အဆောင်မဆို မငှားရမ်းခင် “tenancy agreement” ဆိုတဲ့ အိမ်ငှားနဲ့ပိုင်ရှင်ကြားက စာချုပ်ပုံစံမျိုးရယ် “Term and condition”ဆိုတဲ့ ကိစ္စအဝဝကို သေချာရှင်းပြထားတာမျိုးရယ် ရှိပါတယ်။ ဒီဟာလေးတွေကိုသေချာလေ့လာကြည့်ပါ ဖတ်ကြည့်ပါ။ 

အဓိကမှာချင်တာက အဆောင်ဆိုတာက ဝင်ချင်တိုင်းဝင် စာချုပ်ဖျက်ချင်တိုင်းဖျက်လို့ရတဲ့ ကျတဲ့ရက်အတိုင်း ငွေရှင်းလို့ရတဲ့ Hotelမဟုတ်ပါဘူး။ 

🪺 ကျနော့်အဆောင်ရဲ့agreementမှာဆို ကိုယ်က cancellationလုပ်ချင်ရင် စာချုပ်ချုပ်ပြီး Booking လုပ်ပြီး ၇ ရက်ပေးမယ် cooling off periodအနေနဲ့။ Visa မရရှိခဲ့ရင်သော်လည်းကောင်း ကျောင်းကလက်မခံခဲ့ရင်သော်လည်းကောင်း အပြည့်အဝrefundပေးမယ်ပေါ့။ 

အဲ့လိုမျိုးမှအပ ကိုယ်က cancellationလုပ်ချင်ရင်တော့ အစားထိုးလူမရမချင်း ကိုယ့်နာမည်က ဒီစာချုပ်ထဲရှိနေမယ်၊ ကိုယ်က အိမ်ငှားဖြစ်တယ်၊ ဒီအတွက် ကျသင့်တဲ့ installmentတွေ ငွေတွေအကုန်လုံးကို နေနေမနေနေပေးချေနေရမယ်။ မပေးချင်ရင်တော့ အစားထိုးသူရှာရတယ်။ 


Contract changeဆိုတာဘာလဲ

တခြားသူတစ်ဦးကို ကိုယ့်အခန်းကိုပေးချင်တယ်ဆိုရင် လုပ်ရပါတယ်။ စာချုပ်ပြောင်းလဲတယ်ဆိုတာက ကိုယ့်နေရာမှာအခြားသူတစ်ဦးကို ပြောင်းလိုက်တာပါ။  ဒါကို အဆောင်နဲ့ တိုက်ရိုက်လုပ်ရပါတယ်။ စစချင်းမို့ မလုပ်တတ်ရင် ကျောင်းကိုသာ တိုက်ရိုက်မေးမြန်းစေချင်ပါတယ်။

ကိုယ်ပိုင်အိမ်တွေမှအပ အများအားဖြင့် ကျောင်းအဆောင်တွေ၊ student accomodationတို့လိုမျိုး ဟာတွေက contract changeဖို့ဆို changeမယ့်သူရဲ့ gmailဖြစ်စေ student နံပါတ်ဖြစ်စေ ဒါလေးတွေပဲကိုယ့်ဆီကနေတောင်းတတ်ပါတယ်။ အချက်အလက်အကုန်မတောင်းတတ်တဲ့အတွက် သတိချပ်ပါ။ 

Contractလဲဖို့ဆိုပြီး အရင်အိမ်ငှားကို ငွေသပ်သပ်ပေးရတာမျိုးတို့ မရှိပါဘူး။ ဒီလိုပဲ အချက်အလက်အကုန်လုံး သူ့ကိုပေးစရာမလိုအပ်ပါဘူး။ သတိတော့ထားစေချင်ပါတယ်။ ကျောင်းဖြစ်စေ အဆောင်ဖြစ်စေ ပထမအိမ်ငှားနဲ့ ဒုတိယအိမ်ငှား ကြားထဲမှာ မခံထားရင် Scamအခံရတတ်ဆုံးအခြေအနေမို့လို့ပါ။ 


Air Bnbနဲ့ နေဖို့

ကျောင်းအဆောင်ပြောင်းလို့မရသေးလို့ဖြစ်ဖြစ် ကြားထဲမှာ ခနနေဖို့ အိပ်ဖို့ နေရာလေးတစ်နေရာလိုအပ်တယ်၊ hotelကလဲ စျေးကြီးလွန်းတယ်ဆိုတဲ့သူတွေအတွက် AirBnbရှိပါတယ်။ သူက ခနတစ်ဖြုတ်အခန်းငှား၊ အိမ်ငှားတဲ့ websiteပါ။ 

AirBnB ဆိုတာက Oxfordမှာ အနည်းတကာ့အနည်းဆုံး တစ်ညကို £50, တစ်လကို £1500လို့အကြမ်းဖျင်းတွက်နိုင်ပါတယ်။​ ဒါတောင်ဒီစျေးနဲ့က Air Bnbသာဆို သူများအိမ်ရဲ့ထပ်ခိုးတို့ အခန်းကျဥ်းတို့စတဲ့ အခန်းပိုတွေမှာပဲ နေလို့ရမှာပါ။ 

🌸 ကောင်းလားယုံကြည်ရလားဆိုတော့ 🌸 

  • အသိမိတ်ဆွေမျိုးမဟုတ်တဲ့သူတွေဆီက ငှားမယ်ဆိုရင်တော့ အဆင်ပြေကောင်းပြေနိုင်ပါမယ်။​ အဲ့တာမှအပ ခက်ခဲပါတယ်။​
  • အကြာကြီးနေမယ့်သူတွေ(၂ပတ် ၃ပတ် ၁ လ) အတွက် တန်ချင်မှတန်ပါလိမ့်မယ်။ 
  • Bad Reviewတွေနဲ့ပတ်သက်ပြီး ဖြေရှင်းတာမျိုးလဲနည်းတယ်​၊ ပြီးတော့ AirBnBရဲ့ ပုံစံကိုက အိမ်ရှင်အိမ်ငှားကြားထဲမှာ တာဝန်ခံပြီး ဖြေရှင်းပေးတာမျိုးရယ်လို့ ခက်တယ်။ သတိတော့ထားစေချင်တယ်။  
  • တစ်ညစာfeesအပြင် feesအပိုတွေတမင်ကောက်ခံတာတွေ၊ ခြိမ်းခြောက်တာတွေ၊ အကြောင်းပြချက်အမျိုးမျိုးနဲ့ လျော်ခိုင်းတာတွေပါရှိတတ်လို့ သတိပိုထားစေချင်တယ်။ 

ဒီစာချုပ်တွေက ရွေးချယ်ခွင့်ရှိချင်မှရှိမယ်။ တချို့အဆောင်တွေ ၂ခုလုံးထဲက တစ်ခုကိုသာofferကြတာရှိတယ်။ 


Cleaning fee

တွက်ထားရပါတယ်။ အခန့်သန့်ရှင်းရေးလုပ်ဖို့အတွက်ဆိုပြီး ငွေအပိုသပ်သပ်ထပ်တောင်းတတ်တာမို့ပါ။ 

Tipလေးတွေဆိုပြီးပဲ စဥ်းစားမိသလောက်ရေးသားလိုက်ရပါတယ်။ စဥ်းစားမိသလောက်တော့ထပ်ရေးပါဦးမယ်။ 

© Moe 2024. All Rights Reserved


Read more

Red Sea (သို့မဟုတ်) လန်ဒန်မြို့ရဲ့လူပင်လယ်။

Red Sea (သို့မဟုတ်) လန်ဒန်မြို့ရဲ့လူပင်လယ်။

ဒီနေ့ အောက်စဖို့ဒ် (Oxford) ရဲ့ အေးချမ်းတဲ့ မနက်ခင်းကို ကျောခိုင်းပြီး လန်ဒန်ဆီကို အပြေးအလွှား လာခဲ့ရတဲ့ အကြောင်းရင်းက ၂ခုတည်းပါ။ ကျနော့်သူငယ်ချင်းကောင်လေးက သာမန်ပရိသတ်တစ်

By Moe Htet
မှန်ကန်သောပြိုလဲခြင်း (The Right Way to Fall Apart)

မှန်ကန်သောပြိုလဲခြင်း (The Right Way to Fall Apart)

ကျနော်စာမရေးတာ အတော်လေးကြာခဲ့ပါပြီ။ UK Student visa တွေ မပိတ်ခင်ကတည်းက ရေးဖို့ စိတ်သိပ်မပါခဲ့ဘူး။ လူတွေဖတ်လို့ကောင်းမယ့် "အလွယ်" တွေလဲ ဖန်တီးပြီး မရေးချင်ခဲ့ဘူ

By Moe Htet
Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

ဒီStudent Visaကိစ္စအပြောင်းအလဲနဲ့ပတ်သက်ပြီး ကျနော်အကြံပြုချင်တာရှိပါတယ်။ ဒါက Studentတွေရော Education Providerတွေရောကိုပါ အကျုံးဝင်ပါတယ်။ ပထမတစ်ခု။ နိုင်ငံအပြောင်းအလဲ။ ကျနော်တို့လို ကျောင်းသားအမျ

By Moe Htet