နေ့စဉ်ဒိုင်ယာရီတစ်ဖြတ်- Laptops, မျက်စိဆေးခန်း၊ အစာအိမ်၊ နှင့် Room tour

နေ့စဉ်ဒိုင်ယာရီတစ်ဖြတ်- Laptops, မျက်စိဆေးခန်း၊ အစာအိမ်၊ နှင့် Room tour

ကျနော် topic ကြီးကြီးမားမားမရေးခင် စာလေးတိုတိုလေးတစ်ဖြတ်ပေါ့။ ဒီနေ့ကျနော်မနက်အစောပိုင်းနိုးတယ်။ ရာသီဥတုကတော့ထုံးစံအတိုင်းပဲ Oxford ပီပီငြိမ်သက်တိတ်ဆိတ်လွန်းလှတယ်။ ဒီနေ့ကျနော်ဘာလုပ်စရာရှိလဲဆိုတော့ laptop အသစ်ဝယ်ဖို့အတွက် research လုပ်နေတယ်။ ကြားထဲ မျက်မှန်ကျိုးသွားတော့ မျက်မှန်အသစ်လုပ်ဖို့ကော မျက်လုံးစစ်ဖို့ပါကျနော်ရှာဖွေနေရတယ် (တကယ်စစ်ပြီးရင် video လေးပဲဖြစ်ဖြစ် စာလေးပဲဖြစ်ဖြစ် တင်ဖြစ်လောက်ပါမယ်)။


မနက်ခင်း၏ လုပ်ဆောင်ဖွယ်ရာများ- Self-Care နှင့် သတိပြုမိခြင်းများ

မနက်နိုးတော့ self-care လေးတွေနည်းနည်းပါးပါးလုပ်ဖြစ်တယ်။ ရေချိုး၊ skin care လိမ်းတယ်။ ပစ္စည်းတွေအများကြီးတော့မဟုတ်ပါဘူး၊ Cleansing လုပ်၊ ပြီးတော့ ဘာလိမ်းညာလိမ်းပေါ့။ မလုပ်လို့လဲမရဘူးလေ၊ မလုပ်ရင်းမလုပ်ရင်းနဲ့အသားအရည်က ခြောက်ကပ်လာတာ။ အလှဆီလေးလိမ်း၊ ဘာလေးလိမ်း ဒီလိုနဲ့ပဲရှေ့ဆက်ကြရတာပဲ။ နောက်တော့ အမွှေးအမျှင်လေးတွေရိတ်တယ်၊ အခုထိတော့ယားကျိကျိဖြစ်နေတုန်းပဲ။

ကောင်းတာတစ်ခုက ဆံပင်ရှည်လာတော့ ရာသီဥတုနဲ့အဆင်ပြေတယ်။ ခေါင်းအေးတာမျိုးတော်ရုံမဖြစ်ဘူး၊ တော်ရုံလဲမဖျားတော့ဘူး။ ဟုတ်တယ်ဖျားတော့ဖျားတာပေါ့၊ ဒါပေမဲ့ အရမ်း sensitive ဖြစ်ပြီး မိုးနည်းနည်းသည်းတာနဲ့ဖျားတာမျိုးမရှိတော့ဘူး။


နေ့လည်ပိုင်း၏ အလုပ်များ- Laptop၊ Internship နှင့် Tourist များ

ဒီလိုနဲ့ laptop လေးတွေလဲရှာဖြစ်တယ်။ laptop စျေးတွေကလဲ လန်ပျံနေတာပဲဗျိုး။ သာမန်ရုံးသုံးလောက်ဆို သိပ်မကြီးပါဘူး။ ခက်တာက ကျနော်ကတစ်ခုခုကိုစိတ်ပါသွားပြီဆို ဒီဟာနဲ့ပတ်သက်ပြီးတော့ လုံးဝကိုအဆုံးစွန်ထိအသုံးပြုတော့တာ။ စာမေးပွဲအောင်ရုံလောက်နဲ့မကျေနပ်တဲ့သူမျိုး။ Computer software တွေဆိုရင်လဲ လုပ်ရင်းလုပ်ရင်းနဲ့ကျွမ်းကျင်လာရင် laptop က ပိုပြီး run ရတော့မှာ။ အဲ့ဒါကိုပါ ချိန်ဆထားရတယ်။ Macbook Pro တို့ Dell XPS တို့ ASUS တို့ ကြည့်နေတုန်းပါပဲ။

ကျောင်းကိစ္စလေးတွေလဲ ကြည့်ထားရတယ်။ အလုပ်တို့ internship တို့ကိုလဲရှာဖွေနေဆဲပဲ။ ကျောင်းကတော့ architecture မှာ formally made integrated course ရယ်လို့မရှိဘူးတဲ့။ ဆိုလိုတာကတော့ ကျောင်းကနေ တရားဝင်ချိတ်ဆက်ပေးထားတာမျိုးမရှိတော့ ကိုယ့်ဟာကိုယ်သာရှာပေတော့ပဲဗျိုး။

Oxford မြို့ကြီးကတော့ ကလေးလေးတွေအများကြီးပဲ။ နွေရာသီလာလည်ကြတဲ့ tourist တွေနဲ့ အင်မတန်စည်ကားလျက်ပဲ။ မြို့ထဲဘက်ပေါ့။ ကျနော်ကတော့ ဘေးက လူစိမ်းပေါ့၊ စက်ဘီးလေးတစ်စီးနဲ့ ပတ်သွားနေတာ။

အမယ်၊ မနေ့ကတုန်းက ငါး market လိုမျိုး တစ်ဆိုင်ရောက်ဖြစ်သေးတယ်။ ငါးစျေးပေါ့။ ပုံမှန် supermarket ကဟာတွေထက် ပိုလဲလတ်တယ်၊ ပိုလဲစျေးချိုတယ်။ ပုဇွန်အစိမ်းလတ်လတ်ဆတ်ဆတ်ဆိုတာရှားတယ်။ သူ့မှာတော့ရှိတယ်။ ဂုံးတွေ၊ ဆယ်မွန်တွေ၊ cod တွေ၊ trout တွေ။ စျေးကတော့ cod fillet ၂ ခါစားကို ၆ ပေါင်လောက်၊ ပုဇွန် ၃၀၀ ဂရမ်လောက်ကို ပေါင် ၇ လောက်။ ကျနော်ကတော့ ပုဇွန်ဆို စားလို့မရဘူး၊ တန်းအန်တာဗျိုး။


ညနေပိုင်း အတွေးစများ- ကျန်းမာရေး၊ Content နှင့် သင်၏ Circle ကိုချိုးဖျက်ခြင်း

ကျနော်ဗိုက်လဲအောင့်သေးတယ်ဗျ။ တယ်လီကျန်းမာကနေမေးကြည့်တော့ အစာအိမ်ယောင်တာတဲ့။ မဖြစ်နိုင်တာ။ ကျနော်ထင်တာက သံချဖို့လိုနေတာ။ မနက်ဖြန်ဆေးသွားဝယ်ရမယ်။

Video လေးတစ်ပုဒ်တင်ဦးမယ်၊ အိမ် tour တဲ့ video လေး။ စိတ်တိုင်းမကျသေးလို့ အဟောင်းကိုမတင်ဖြစ်သေးတာ။ အဓိကကတော့ subtitle လေးထည့်ချင်တာ။ ဒါပေမဲ့ မထည့်တော့ဘူးလို့ စဉ်းစားနေတာပဲ။ ကျနော့်ရဲ့မိတ်ဆွေစာဖတ်သူတွေထဲ content create ချင်တဲ့သူတွေပါပါလိမ့်မယ်။​ အကြံပေးချင်တာကတော့ လုပ်သာလုပ်ပါ၊​ perfect ဖြစ်စရာမလိုဘူး။ ကိုယ်ကသာတကယ် value ပေးချင်နေပါစေ၊ ကိုယ့် knowledge ကို deliver ချင်နေပါစေ၊ သူ့ဟာသူ တစ်နည်းမဟုတ်တစ်နည်းအောင်မြင်မှုက ပေါ်လာပါလိမ့်မယ်။

ကျနော်လဲ content creator တစ်ဦးမဟုတ်ပါဘူး။ ဒီအတိုင်းစပ်မိစပ်ရာ ရေးဖြစ်နေရုံပါ။ တစ်ခါတစ်လေမှာတော့လေ ကိုယ်သိထားတဲ့အရာတွေက ကိုယ့် circle ထဲမှာပဲ လည်ပတ်နေတဲ့အခါ ဘာမှမဟုတ်တဲ့အရာလို့ ခံစားရနိုင်ပေမယ့်၊ တကယ့်တကယ် circle ပြင်ပကသူတွေကိုချပြတဲ့အခါ လေ့လာဆည်းပူးချင်စရာတွေဖြစ်နေတတ်တယ်။

ဆိုတော့ break your circle ပါ။ နောက်နေ့ပြန်တွေ့ပါမယ်။ အဆင်ပြေကြပါစေ။


Read more

Her.

Her.

ဟိုး လွန်ခဲ့တဲ့ ကာလပေါင်းများစွာမှာ နတ်သမီးတစ်ပါး မြေပေါ်သက်ဆင်းလာခဲ့ဖူးတယ်။ နှစ်သစ်ကူးမတိုင်မီရက်ပိုင်းလေးမှာပေါ့။ သူ့ဘဝလေးက ပျော်ရွှင်ခဲ့ရဖူးတယ် ကြေကွဲခဲ့ရဖူးတယ်

By Moe Htet
What I've been doing

What I've been doing

Hi... ကျနော် မိုးပါ။ ဒီကြားထဲ ကျနော့်ဘဝမှာ အပြောင်းအလဲတွေ အများကြီးဖြစ်သွားတယ်။ ကောင်းတာလေးတွေရော ဆိုးတာလေးတွေရောပေါ့။ ရှေ့ဆက်ဖို့ ပြင်ဆင်စရာတွေ အများကြီးရှိသလို၊ သင်ခန်းစာယူစရာ

By Moe Htet
"သွေးမအေးသေးတဲ့ လန်ဒန်က ၈၈၈၈"

"သွေးမအေးသေးတဲ့ လန်ဒန်က ၈၈၈၈"

ဆန္ဒပြပွဲတွေဆိုတာ ခပ်စိတ်စိတ် တစ်ပတ်တစ်ခါ နှစ်ပတ်တစ်ခါရှိတတ်ပါတယ်။ ပွဲကြီးပွဲကောင်းလေးတွေကတော့ တစ်လတစ်ခါ ၂လတစ်ခါပေါ့။ ကျနော် ဒီလို ၈၈၈၈ လို သမိုင်းဝင်ပွဲကြီးတွေဆိ

By Moe Htet