အချိန်ဆိုတာကုန်ဆုံးမှန်းမသိကုန်ဆုံးသွားတယ်။

အချိန်ဆိုတာကုန်ဆုံးမှန်းမသိကုန်ဆုံးသွားတယ်။

ကိုယ်ကြိုက်တဲ့အရာတစ်ခုကို ဖန်တီးနေရင် အချိန်ဆိုတာ ၁၂ ထိုးထိုး 1 နာရီထိုးထိုး ဘယ်အချိန်ပဲရှိနေနေ လုပ်ကိုလုပ်ချင်နေတာမျိုး။

ညဥ့်နက်နက် မနက်မိုးလင်းလင်း ဒီအကြောင်းတွေးလိုက်ရင်ကို ဘယ်လောက်ပဲခက်ခဲခက်ခဲ အဆင်ပြေနေတာမျိုး။

သူ့ကြောင့် အဆင်မပြေဖြစ်သွားရင်တောင်မှ အလိုလိုတွေးတတ်နေတာမျိုး။

အမြဲတစေလုပ်နေရင်လဲမပျင်းတဲ့အရာမျိုး။

ဝါသနာပါတဲ့အရာဆိုတာက တကယ်တော့ သိပ်ကို နက်နဲတယ်။ သူ့ကိုလုပ်နေရရင်ကို အချိန်တွေကော နေ့ရက်တွေကော မေ့ပြီးတော့ လုပ်စရာရှိတာတွေ အမြဲလုပ်နေတာ။ ပျော်ဖို့ကောင်းတယ်။

တစ်ခါတစ်လေ လုံးဝစိတ်လဲအဆင်မပြေဘူး၊ အိပ်လဲအိပ်ချင်နေတယ်၊ အနားလဲယူချင်တယ်။ တစ်ဖက်ကနေလဲ ဒီဝါသနာပါတယ်ဆိုတဲ့အရာကို လုပ်ချင်စိတ်က ပြင်းပြနေတယ်။ လုပ်ချင်နေတယ်။

ဘာမဟုတ်တဲ့ 9-5အလုပ်ကို ဆက်မလုပ်ချင်ကြတော့ဘူး။ မုန်းလာတယ် ပင်ပန်းလာတယ်။ ကိုယ်ပိုင် business တစ်ခုထောင်ချင်တယ်။ ကိုယ်ပိုင်ခြံလေးနဲ့မွေးမြူရေးလုပ်ချင်တယ်။ အိမ်မက်တွေရှိတယ်။ ဒီအိမ်မက်တွေအတွက် အချိန်ဘယ်လောက်ပေးရပေးရ ပေးနိုင်တယ်။

ဒါက သင်တို့အတွက်ဘာများဖြစ်မလဲ။

ဘဝရဲ့လက်ရှိလုပ်ရပ်တွေ အနာဂတ်planတွေကကော မိမိလိုချင်တဲ့အိမ်မက်ကိုတွန်းပို့နိုင်တဲ့အထိ ဆုံးဖြတ်ချက်တွေမှန်ကန်ခဲ့လား။ ဘယ်နားပြင်ဆင်ရမလဲ။


Read more

Her.

Her.

ဟိုး လွန်ခဲ့တဲ့ ကာလပေါင်းများစွာမှာ နတ်သမီးတစ်ပါး မြေပေါ်သက်ဆင်းလာခဲ့ဖူးတယ်။ နှစ်သစ်ကူးမတိုင်မီရက်ပိုင်းလေးမှာပေါ့။ သူ့ဘဝလေးက ပျော်ရွှင်ခဲ့ရဖူးတယ် ကြေကွဲခဲ့ရဖူးတယ်

By Moe Htet
What I've been doing

What I've been doing

Hi... ကျနော် မိုးပါ။ ဒီကြားထဲ ကျနော့်ဘဝမှာ အပြောင်းအလဲတွေ အများကြီးဖြစ်သွားတယ်။ ကောင်းတာလေးတွေရော ဆိုးတာလေးတွေရောပေါ့။ ရှေ့ဆက်ဖို့ ပြင်ဆင်စရာတွေ အများကြီးရှိသလို၊ သင်ခန်းစာယူစရာ

By Moe Htet
"သွေးမအေးသေးတဲ့ လန်ဒန်က ၈၈၈၈"

"သွေးမအေးသေးတဲ့ လန်ဒန်က ၈၈၈၈"

ဆန္ဒပြပွဲတွေဆိုတာ ခပ်စိတ်စိတ် တစ်ပတ်တစ်ခါ နှစ်ပတ်တစ်ခါရှိတတ်ပါတယ်။ ပွဲကြီးပွဲကောင်းလေးတွေကတော့ တစ်လတစ်ခါ ၂လတစ်ခါပေါ့။ ကျနော် ဒီလို ၈၈၈၈ လို သမိုင်းဝင်ပွဲကြီးတွေဆိ

By Moe Htet