ငလျင်ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ခြင်း။

ငလျင်ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ခြင်း။

ယခုအချိန်အခါတွင် ငလျင်ဘေးဒဏ်ကြောင့် အတိဒုက္ခရောက်ကာ အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရသော ကျွန်ုပ်တို့၏ ပြည်သူများအတွက် စာနာစိတ်ဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီပံ့ပိုးပေးလိုစိတ်များ တဖွားဖွားပေါ်ပေါက်နေကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။

ကိုယ်ပိုင်နည်းလမ်းလေးတစ်ခုရှိပါတယ်။ သင်ပေးတဲ့အကူအညီအတွက် ကျွန်တော့်ဘက်ကလည်း တတ်နိုင်သလောက် အကျိုးပြန်လည်ပေးအပ်ချင်ပါတယ်။

သင် မည်သို့ ပါဝင်ကူညီနိုင်မည်နည်း

  • အနည်းဆုံး ငွေကျပ် ၅၀,၀၀၀ မှ စတင်၍ မိမိ တတ်နိုင်သလောက် ထည့်ဝင်လှူဒါန်းနိုင်ပါသည်။
  • လှူဒါန်းငွေ လွှဲပြီးပါက သင်ပေးလိုသောNicknameနှင့် ငွေလွှဲဘောင်ချာ (screenshot) ကို ကျွန်တော့်ထံ သီးသန့် ပြန်လည်ပေးပို့ပေးပါ။ ကိုယ်ပိုင်စာရင်းနံပါတ် ပြန်ပေးပါမယ်။
  • ရရှိလာသော အလှူငွေအားလုံးကို တစ်ကျပ်တစ်ပြားမှ မလျော့စေဘဲ Spring Crowd Funding (SCF) မှ တဆင့် ငလျင်ဘေးသင့်ပြည်သူများထံသို့ ရောက်ရှိစေရန် ရည်ရွယ်ထားသော ရန်ပုံငွေအစီအစဉ်သို့ လှူဒါန်းသွားမည်ဖြစ်ပါသည်။
  • ရရှိသော အလှူငွေ စာရင်း (ဝင်ငွေ) နှင့် ပြန်လည်လှူဒါန်းမှုစာရင်း (ထွက်ငွေ) များကို အချိန်နှင့်တပြေးညီ ပွင့်လင်းမြင်သာစွာ အသိပေးတင်ပြသွားပါမည်။

အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ

အခြားသော တစ်သီးပုဂ္ဂလ သို့မဟုတ် ပြင်ပအဖွဲ့အစည်းများနှင့် လက်တွဲကာ လူအား၊ ငွေအားဖြင့် ကူညီဆောင်ရွက်နေသူများ၏ ကြိုးပမ်းမှုများကို အသိအမှတ်ပြု တန်ဖိုးထားပါသည်။ သို့သော် လက်ရှိအခြေအနေတွင် ထိုအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို တိတိကျကျ အတည်ပြုရန် အခက်အခဲရှိနေသေးသည့်အတွက်တိုက်ရိုက်ပူးပေါင်းကူညီရန် အဆင်မပြေသေးသည်ကို နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ကျွန်တော်တို့၏ အဓိကရည်ရွယ်ချက်မှာ SCF မှတဆင့် စနစ်တကျ လှူဒါန်းရန် ဖြစ်ပါသည်။

ကျွန်တော်၏ ကျေးဇူးတုံ့ပြန်မှု အစီအစဉ်

လက်ရှိတွင် ကျွန်တော်သည် Moe Notes တွင် စာရေးသားသူတစ်ဦးအဖြစ် အတွေးအမြင်ဆောင်းပါးများနှင့် ဗီဒီယိုများကို ဖန်တီးလျက်ရှိပါသည်။ ငယ်စဉ်က အင်္ဂလိပ်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး အထက်တန်းအဆင့်တွင် မြန်မာသင်ရိုးကို ပြောင်းလဲသင်ယူခဲ့ကာ နောက်ပိုင်းတွင် OSSD (Ontario Secondary School Diploma) ဖြင့် အထက်တန်းအောင်မြင်ခဲ့ပါသည်။ ယခုအခါ United Kingdom ရှိ Oxford Brookes University တွင် ဗိသုကာပညာ ဒုတိယနှစ်ကို ဆက်လက်သင်ယူလျက်ရှိပါသည်။

ပညာရေးလမ်းကြောင်း၊ အထူးသဖြင့် ပြည်ပကျောင်းလျှောက်ခြင်းများနှင့် ပတ်သက်၍ တရားဝင် Agent သို့မဟုတ် Consultant များကဲ့သို့ လုပ်ငန်းစဉ်အဆင့်ဆင့်အတွက် တိကျသောဝန်ဆောင်မှုမျိုး မပေးနိုင်သော်လည်း ထိုသို့သော အကူအညီများ အလွယ်တကူ မရရှိနိုင်သူများ သို့မဟုတ် အခြားသော ရှုထောင့်မှ အကြံဉာဏ်လိုအပ်နေသူများအတွက် ကျွန်တော်၏ အတွေ့အကြုံနှင့် ဗဟုသုတများကို မျှဝေပေးလိုပါသည်။ အထူးသဖြင့် -

  • တက္ကသိုလ်အတွက် Major (အထူးပြုဘာသာရပ်) ရွေးချယ်ရာတွင် စဉ်းစားရခက်နေသူများ၊
  • မိမိ၏ အနာဂတ်ပန်းတိုင် သို့မဟုတ် လုပ်ဆောင်သင့်သည့် လမ်းကြောင်းကို မည်သို့ ဆက်ရမည်မသိဘဲ ဝေခွဲမရဖြစ်နေသူများ၊
  • ဆရာနှင့် ကျောင်းသား၊ သို့မဟုတ် ဝန်ဆောင်မှုပေးသူနှင့် ဝန်ဆောင်မှုယူသူ ကဲ့သို့သော ဆက်ဆံရေးမျိုးထက် ရင်းနှီးသော မိတ်ဆွေ၊ အစ်ကိုတစ်ယောက်ကဲ့သို့ တိုင်ပင်ဆွေးနွေးဖော် လိုအပ်နေသူများ အတွက် ကျွန်တော်ရှိနေပါမည်။

အလှူငွေထည့်ဝင်ပေးသော မိတ်ဆွေတစ်ဦးချင်းစီကို (၁၅) မိနစ်စာ အချိန်ပေး၍ သင်သိရှိလိုသည်များ၊ ဆွေးနွေးလိုသည်များကို ဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) Voice Message များမှတဆင့် တစ်ဦးချင်း သီးသန့်တွေ့ဆုံ ဆွေးနွေးပေးသွားပါမည်။

သင်တို့၏ အဖိုးတန်သော ကူညီပံ့ပိုးမှုများနှင့် စာနာနားလည်မှုများအတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်။ ငလျင်ဘေးသင့်ပြည်သူများ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။


Read more

Red Sea (သို့မဟုတ်) လန်ဒန်မြို့ရဲ့လူပင်လယ်။

Red Sea (သို့မဟုတ်) လန်ဒန်မြို့ရဲ့လူပင်လယ်။

ဒီနေ့ အောက်စဖို့ဒ် (Oxford) ရဲ့ အေးချမ်းတဲ့ မနက်ခင်းကို ကျောခိုင်းပြီး လန်ဒန်ဆီကို အပြေးအလွှား လာခဲ့ရတဲ့ အကြောင်းရင်းက ၂ခုတည်းပါ။ ကျနော့်သူငယ်ချင်းကောင်လေးက သာမန်ပရိသတ်တစ်

By Moe Htet
မှန်ကန်သောပြိုလဲခြင်း (The Right Way to Fall Apart)

မှန်ကန်သောပြိုလဲခြင်း (The Right Way to Fall Apart)

ကျနော်စာမရေးတာ အတော်လေးကြာခဲ့ပါပြီ။ UK Student visa တွေ မပိတ်ခင်ကတည်းက ရေးဖို့ စိတ်သိပ်မပါခဲ့ဘူး။ လူတွေဖတ်လို့ကောင်းမယ့် "အလွယ်" တွေလဲ ဖန်တီးပြီး မရေးချင်ခဲ့ဘူ

By Moe Htet
Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

ဒီStudent Visaကိစ္စအပြောင်းအလဲနဲ့ပတ်သက်ပြီး ကျနော်အကြံပြုချင်တာရှိပါတယ်။ ဒါက Studentတွေရော Education Providerတွေရောကိုပါ အကျုံးဝင်ပါတယ်။ ပထမတစ်ခု။ နိုင်ငံအပြောင်းအလဲ။ ကျနော်တို့လို ကျောင်းသားအမျ

By Moe Htet