Scholarship အကြောင်းသိကောင်းစရာ- မြန်မာကျောင်းသားများအတွက် လမ်းညွှန်

Scholarship အကြောင်းသိကောင်းစရာ- မြန်မာကျောင်းသားများအတွက် လမ်းညွှန်

"Scholarship ဆိုတာဘာလဲ၊ ဘာတွေပါဝင်တတ်လဲ၊ Eligible ဖြစ်ဖို့ ဘာတွေလိုအပ်လဲ၊ ဘယ်လိုအခြေအနေမျိုးမှာပြန်လည်ရုတ်သိမ်းနိုင်လဲ"

ကျောင်းတက်မယ့်ဘယ်သူမဆို exchange rate တွေ တက်လာတာနဲ့အမျှ ပိုပိုပြီးတော့ခက်ခဲလာကြတယ်။ scholarship ဆိုတာ ပိုက်ဆံမရှိတဲ့သူ မပြသနိုင်တဲ့သူတစ်ဦးအတွက် ကောင်းတဲ့ option တစ်ခုလို့ထင်ရပါတယ်။ သို့ပေမယ့် သိပ်ကို အထိအခိုက်များဖို့လွယ်တဲ့၊ ချောမွေ့ဖို့ခဲယဉ်းတဲ့ option တစ်ခုလည်းဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ပေးတဲ့သူဘက်မှ အလုံးစုံပြန်လည်ရုတ်သိမ်းနိုင်တယ်။ တချို့ scholarship တွေဆို ကျောင်းပြီးတာနဲ့ အနှေးနဲ့အမြန် ကိုယ့်နိုင်ငံကိုယ်ပြန်ဖို့ တောင်းဆိုကြတယ်။ ဒီတော့ scholarship ဆိုတာဘာလဲ။


အပိုင်း (၁)။ သင်၏ Pre-Application Checklist

Scholarship မလျှောက်ခင်မှာ ဒီအချက်တွေကို သေသေချာချာလေ့လာပါ။

  • Terms and conditions တွေကိုသေချာဖတ်ပါ: နားမလည်ရင် တက်ဖူးတဲ့သူကိုမေးပါ။
  • ဘာတွေရနိုင်မလဲ၊ ဘာတွေမရနိုင်ဘူးလဲဆိုတာကိုကြည့်ပါ: ကိုယ်ပြန်စိုက်ရမယ့်ပမာဏက ဘယ်လောက်ထိများသွားနိုင်လဲတွက်ကြည့်ပါ။
  • Eligible ဖြစ်မဖြစ်ဆိုတာကြည့်ပါ: ကိုယ့်အခြေအနေက ဖြစ်နိုင်မလား စစ်ဆေးပါ။
  • Timeline ကိုလေ့လာပါ: လျှောက်လွှာတင်ခြင်းကနေ interview အဆင့်ဆင့်အဆုံး ဘယ်လောက်ကြာနိုင်မလဲ။
  • Opportunity Cost ကိုချိန်ဆပါ: ဒီ scholarship အတွက်ပြင်ဆင်ရင်း တခြားအလုပ်တွေ၊ ကျောင်းကိစ္စတွေကို ဘယ်လိုလုပ်မလဲ။
  • Backup Plan ရှိပါစေ: scholarship သာမရခဲ့ရင်၊ ဒါမှမဟုတ် ပြန်ရုတ်သိမ်းခံခဲ့ရရင် ဘာဆက်လုပ်မလဲ။

Terms and Condition ထဲပါတတ်တဲ့အကြောင်းအရာတချို့

  • Scholarship ၏ ပမာဏ။
  • ဘာတွေပါဝင်လဲ (tuition fees, နေစရိတ်၊ စားစရိတ်)။
  • ဘယ်အချိန်၊ ဘယ်လိုငွေရနိုင်မှာလဲ။
  • ကာလ (နှစ်စဉ်လား၊ တစ်နှစ်စာလား)။
  • အနည်းဆုံး GPA သို့မဟုတ်အမှတ်ပမာဏ။
  • ကျောင်းထွက်/ပြောင်းလျှင် ဖြစ်လာနိုင်တဲ့အခြေအနေ။
  • scholarship ကိုရုတ်သိမ်းနိုင်သည့်အခြေအနေများ။

အပိုင်း (၂)။ Scholarship တစ်ခု၏ ခန္ဓာဗေဒ- ဘာတွေတကယ် ပါဝင်သလဲ

Tuition fees (ကျောင်းစရိတ်)

ပုံမှန်အားဖြင့် ပေါင် ၃၀၀၀ လောက်ကစလို့ ဘွဲ့ပြီးတဲ့အထိ အပြည့်အဝရနိုင်တယ်။​ သို့ပေမယ့် စာသင်တဲ့ materials တွေ၊ စာအုပ်ဖိုးတွေ​ပါမပါ သေချာဖတ်ပါ။ ကျောင်းလခက ၂ သောင်းခွဲ၊ cover ဖြစ်တာက ၂ သောင်းဆို ကိုယ့်ဘက်က ၅၀၀၀ စိုက်ရတာမျိုးပါ။

နေစရိတ်၊ စားစရိတ်၊ အသုံးစရိတ်

တစ်နှစ်အတွက်၊ တစ်လအတွက် ဘယ်လောက်ပေးနိုင်မလဲဆိုတာ limit ရှိပါတယ်။ အများအားဖြင့် ဒီပမာဏက အလွန်ချွေတာစွာနေထိုင်တဲ့ကျောင်းသားတစ်ဦးအတွက်ပဲ လုံလောက်ပါတယ်။

  • Fact Check: Chevening ကဲ့သို့သော အစိုးရ scholarship ကြီးများတွင် အချိန်ပိုင်းအလုပ်လုပ်ခွင့်ကို ကန့်သတ်ထားလေ့ရှိသည်။ အကယ်၍ သင်က အခြားဝင်ငွေတစ်ခုခုရရှိနေပါက သင်၏ထောက်ပံ့ကြေးကို လျှော့ချခြင်းခံရနိုင်ပါသည်။

လေယာဉ်စရိတ် နှင့် Visa ကြေး

တချို့ scholarship တွေက Yangon to London အသွားစရိတ်နဲ့ တစ်ခါတစ်ရံ အပြန်စရိတ်ပါပေးတယ်။ အပြန်စရိတ်ပါတာကတော့ ကိုယ့်နိုင်ငံကိုယ်ပြန်ပြီးအကျိုးပြုစေချင်လို့ဖြစ်ပြီး၊ သေချာပေါက်ပြန်ရမယ်လို့ ကတိပေးရတဲ့ scholarship တွေရှိပါတယ်။


အပိုင်း (၃)။ အရည်အချင်းစစ်ဆေးခြင်း- Scholar တစ်ယောက်ဖြစ်ဖို့ ဘာတွေတကယ်လိုသလဲ

GPA လိုအပ်ချက်

  • Fact Check: သင်၏ GPA သုံးသပ်ချက်သည် အလွန်တိကျမှန်ကန်ပါသည်။ Harvard ကဲ့သို့သော ထိပ်တန်းတက္ကသိုလ်များသည် 3.9/4.0 အထက်လိုအပ်လေ့ရှိပြီး၊ အပြိုင်အဆိုင်များသောကျောင်းများက 3.5၊ သာမန်ကျောင်းများက 2.8-3.0 ဝန်းကျင်လက်ခံကြသည်။

ပေးအပ်သူ၏ ရည်ရွယ်ချက်

ဘယ်သူမှတော့ စာတော်လို့ဆုချတာဆိုပြီး အလကားငွေမပေးပါဘူး။ Charity သဘောလား၊ ကိုယ်ကျိုးအတွက် image လိုချင်လို့လားဆိုတာ စဉ်းစားထားဖို့လိုတယ်။​

စနစ်ပိုင်းဆိုင်ရာ အားနည်းချက်

Scholarship ရဖို့ စာတော်ရုံနဲ့မရပါဘူး။ လူမှုဆက်ဆံရေး၊ ကျင့်ဝတ်၊ community work စတဲ့အရာတွေမှာပါ ထူးချွန်ကြောင်းပြဖို့လိုပါတယ်။ မြန်မာနိုင်ငံရဲ့ပညာရေးစနစ်မှာ ဒီလိုအရည်အချင်းတွေကို ပြုစုပျိုးထောင်ဖို့ အလွန်ခဲယဉ်းပါတယ်။ "လူရည်ချွန်" လိုမျိုး ပြည်တွင်းကဆုတွေက နိုင်ငံတကာအဆင့်မှာ တန်ဖိုးမရှိသလို၊ Internship တွေကလည်း အတွေ့အကြုံအစစ်အမှန်မရဘဲ ခေါင်းပုံဖြတ်ခံရတာများပါတယ်။


အပိုင်း (၄)။ နောက်ဆုံးနှင့် အရေးကြီးဆုံးသတိပေးချက်- စာလုံးအသေးများကို သေချာဖတ်ပါ

Scholarship ကိုမလက်ခံခင်မှာ "ကျောင်းပြီးတာနဲ့မွေးရပ်မြေကို ပြန်ရမယ်" ဆိုတဲ့အချက် ပါမပါ သေသေချာချာစစ်ဆေးပါ။

  • Fact Check: ဤအချက်သည် နာမည်ကြီးအစိုးရ scholarship အများစု၏ တရားဝင်စည်းမျဉ်းတစ်ခုဖြစ်သည်။ ဥပမာအားဖြင့်၊ UK ၏ နာမည်ကြီး Chevening Scholarship သည် ဘွဲ့ရပြီးနောက် မိမိနိုင်ငံသို့ အနည်းဆုံး ၂ နှစ်ပြန်လည်အမှုထမ်းရန် တိကျသောလိုအပ်ချက်ရှိပါသည်။

Scholarship ရလို့ပျော်နေရင်းနဲ့ ဒီအချက်ကိုမေ့သွားပြီး၊ ကျောင်းပြီးအလုပ်လုပ်ဖို့ကြံစည်နေချိန်မှာ မြန်မာနိုင်ငံကိုမဖြစ်မနေပြန်ရမယ်ဆိုတာမျိုး မဖြစ်စေချင်ပါဘူး။


Read more

Red Sea (သို့မဟုတ်) လန်ဒန်မြို့ရဲ့လူပင်လယ်။

Red Sea (သို့မဟုတ်) လန်ဒန်မြို့ရဲ့လူပင်လယ်။

ဒီနေ့ အောက်စဖို့ဒ် (Oxford) ရဲ့ အေးချမ်းတဲ့ မနက်ခင်းကို ကျောခိုင်းပြီး လန်ဒန်ဆီကို အပြေးအလွှား လာခဲ့ရတဲ့ အကြောင်းရင်းက ၂ခုတည်းပါ။ ကျနော့်သူငယ်ချင်းကောင်လေးက သာမန်ပရိသတ်တစ်

By Moe Htet
မှန်ကန်သောပြိုလဲခြင်း (The Right Way to Fall Apart)

မှန်ကန်သောပြိုလဲခြင်း (The Right Way to Fall Apart)

ကျနော်စာမရေးတာ အတော်လေးကြာခဲ့ပါပြီ။ UK Student visa တွေ မပိတ်ခင်ကတည်းက ရေးဖို့ စိတ်သိပ်မပါခဲ့ဘူး။ လူတွေဖတ်လို့ကောင်းမယ့် "အလွယ်" တွေလဲ ဖန်တီးပြီး မရေးချင်ခဲ့ဘူ

By Moe Htet
Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

ဒီStudent Visaကိစ္စအပြောင်းအလဲနဲ့ပတ်သက်ပြီး ကျနော်အကြံပြုချင်တာရှိပါတယ်။ ဒါက Studentတွေရော Education Providerတွေရောကိုပါ အကျုံးဝင်ပါတယ်။ ပထမတစ်ခု။ နိုင်ငံအပြောင်းအလဲ။ ကျနော်တို့လို ကျောင်းသားအမျ

By Moe Htet