ကျနော်ဘာတွေလုပ်ဖြစ်နေလဲ

ကျနော်ဘာတွေလုပ်ဖြစ်နေလဲ

ဒီနေ့တော့ စာရေးတာလေးခနနားမယ်။ ကျနော်ဘာကြောင့် ဒီစာတွေရေးနေလဲ ဘယ်လိုခြေလှမ်းတွေလှမ်းဖို့ကြိုးပမ်းနေလဲ၊ ဘယ်လိုမျိုး ဖတ်စေချင်လဲ​ အကျိုးရစေချင်လဲ ဒါတွေပြောပြချင်တယ်။


စတင်ခဲ့တုန်းကအချိန်

ကျနော်စာစတင်ရေးသားခဲ့တုန်းက reasonကတော့ ဖတ်ရှုပေးမယ့်သူတွေအကုန််လုံးကို ဗဟုသုတလဲရစေချင်တယ်။ အသိအမြင်တွေလဲရစေချင်တယ်။ အဓိကကတော့ အစစ်အမှန်ဆိုတာကို ခံစားစေချင်တယ် ဒီလိုနဲ့စတင်ခဲ့တယ်။ စစချင်းဖတ်ရတာတွေ ကျနော့်ဟာကျနော်တောင် နားမလည်နားမရှင်းတာတွေလဲရှိတယ်။ 

စစချင်းမှာတော့ဗျာ ဖတ်တဲ့သူတွေလဲနည်း ကျနော်လဲ ရေးတယ်ဆိုရုံကလွဲ ဘာမှသိပ်မရှိဘူးပေါ့ဗျာ။ သိထားတာတွေလဲ နည်းတယ် သိထားရင်တောင် ထုတ်ဖော်မပြောဆိုမရေးသားတတ်ဘူး။


စာရေးခဲ့တဲ့ပုံ

Videoပေါ့ဗျာ ရိုက်မယ်ပေါ့။ ခက်တာက Recording softwareတွေနဲ့ Toolsတွေလဲမကျွမ်း၊ အသုံးပြုဖို့ budgetလဲမရှိ၊ တစ်ဦးတည်းအကုန်လုံးလုပ်ခဲ့ရတာမို့ သိပ်အဆင်မပြေသေးဘူး။

စာဆိုတာက ဘာတစ်ခုမှမရှိတဲ့သူတစ်ဦးအတွက် အကောင်းဆုံးသော Mediumတစ်ခုဖြစ်ခဲ့တယ်။ ကျနော်လဲ စာရေးရတာကြိုက်တယ်လေ။ အဲ့လိုနဲ့ စာတွေရေးဖြစ်တယ်။ တစ်ဆင့်ပြီးတစ်ဆင့် ရေးသားရင်းနဲ့ လူတွေအကြောင်းနားလည်လာလေလေ deliverဖို့ ပုံစံလေးတွေ ပိုမိုစဥ်းစားမိလေလေ။ 


ဖတ်စေချင်တဲ့ပုံစံ

ကျနော်ရေးတဲ့ပုံစံကိုက ညဘက်ပဲဖြစ်စေ မနက်ဖက်ပဲဖြစ်စေဗျာ အားတဲ့အချိန်လေးတစ်ချိန် အပြင်မှာလဲတိတ်တဆိတ်ဖြစ်နေချိန် သာသာယာယာနဲ့ facebook လေးပွတ်နေချိန် ကျနော့်Postလေးကိုတွေ့တယ်။ ဖတ်မယ်။ 

ကျနော့်Websiteကိုလဲ အမြဲစောင့်ကြည့်နေကြသူက Websiteလေးကိုမွှေမယ်နှောက်မယ်။ ဖတ်ကြည့်မယ်လေ့လာမယ်။ ကော်ဖီလေးတစ်ခွက်သောက်ရင်း ရေအေးလေနဲ့ ပေါ့။

အတွေးလေးပေါ်သွားမယ်။ အကြံလေးထွက်သွားမယ်။ ရှေ့ဆက်ဖို့ အကြံတွေထွက်လာမယ်။​ တွေးပုံတွေးနည်းတွေလဲသိသွားမယ်။ ခြေလှမ်းပေါင်းများစွာရဲ့အစလေးတွေပေါ့ဗျာ။ 

Shortsတို့ Tik tokတို့ ရုပ်ရှင်တို့လောက်တော့ စိတ်ဝင်စားဖို့ကောင်းချင်မှကောင်းမယ်။ စာဖတ်ရတာကြိုက်တဲ့သူတွေတော့ နှစ်သက်လိမ့်မယ်။ 


ရေးသားတဲ့content

ကျနော်ရေးသားတဲ့postလေးတွေက အရမ်းcatchyဖြစ်တာတွေမပါဘူး Click baitတွေ False hopeတွေ မပါဝင်ဘူး။ လူတွေကိုမျှော်လင့်ချက်အတုအယောင်တွေပေးတာမျိုး မပါဝင်ဘူး။ အဆိပ်အတောက်ဖြစ်တာတွေလဲမပါဘူး။

တိုင်းတစ်ပါးမှာ ရုန်းကန်နေရတဲ့လူငယ်တစ်ဦးရဲ့ အတွေ့အကြုံတွေ အသိအမြင်တွေ ပါဝင်မယ်။ နိုင်ငံခြား ဘယ်လိုထွက်ရမလဲ၊ ပညာရေး၊ လူနေမှုအဆင့်အတန်းကနေစ အလုပ်လုပ်တဲ့အထိလဲပါဝင်မယ်။ 


ဆက်လက်ကြိုးစားနေတဲ့အခြေအနေ။ 

၁။Facebookမှာ အရင်ရေးခဲ့ဖူးတာတွေပါ Websiteမှာ အကုန်ဖတ်လို့ရနိုင်အောင်ဖန်တီးနေတယ်။

၂။ လိုင်းသိပ်မကောင်းတဲ့သူတွေအတွက် စာဖတ်ရတာအဆင်ပြေတယ်။ ဒီလိုပဲ လိုင်းအဆင်ပြေတဲ့သူတွေအတွက်တော့ အချိန်တစ်ခုသပ်သပ်ပေးနေရမှာမျိုးထက် နားကြပ်လေးတပ်ပြီး သီချင်းနားထောင်သလိုမျိုး စာအုပ်ဖတ်တာလေးကို ပိုသဘောကျကြတယ်။​ ဒီတော့ အသံကော စာကော ပေါင်းစပ်မယ်ဆိုရင်ကော။​

လောလောဆယ်တော့ Podcast သို့မဟုတ် Audio Book သဘောမျိုးပဲဖြစ်စေ စမ်းသပ်နေတယ်။ အဆင်သင့်ဖြစ်တဲ့အခါ ထုတ်လွှင့်သွားပါမယ်။ စာအရေးအသားကိုလဲ ပိုမိုကောင်းမွန်တာလေးတွေနဲ့ ဆက်လက်ရေးသားသွားပါမယ်။ 

Video contentလေးတွေ createလုပ်ဖို့ အဆင်သင့်ဖြစ်တဲ့အခါ လုပ်သွားပါမယ်။​

Stay tuned!!!


Read more

Red Sea (သို့မဟုတ်) လန်ဒန်မြို့ရဲ့လူပင်လယ်။

Red Sea (သို့မဟုတ်) လန်ဒန်မြို့ရဲ့လူပင်လယ်။

ဒီနေ့ အောက်စဖို့ဒ် (Oxford) ရဲ့ အေးချမ်းတဲ့ မနက်ခင်းကို ကျောခိုင်းပြီး လန်ဒန်ဆီကို အပြေးအလွှား လာခဲ့ရတဲ့ အကြောင်းရင်းက ၂ခုတည်းပါ။ ကျနော့်သူငယ်ချင်းကောင်လေးက သာမန်ပရိသတ်တစ်

By Moe Htet
မှန်ကန်သောပြိုလဲခြင်း (The Right Way to Fall Apart)

မှန်ကန်သောပြိုလဲခြင်း (The Right Way to Fall Apart)

ကျနော်စာမရေးတာ အတော်လေးကြာခဲ့ပါပြီ။ UK Student visa တွေ မပိတ်ခင်ကတည်းက ရေးဖို့ စိတ်သိပ်မပါခဲ့ဘူး။ လူတွေဖတ်လို့ကောင်းမယ့် "အလွယ်" တွေလဲ ဖန်တီးပြီး မရေးချင်ခဲ့ဘူ

By Moe Htet
Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

ဒီStudent Visaကိစ္စအပြောင်းအလဲနဲ့ပတ်သက်ပြီး ကျနော်အကြံပြုချင်တာရှိပါတယ်။ ဒါက Studentတွေရော Education Providerတွေရောကိုပါ အကျုံးဝင်ပါတယ်။ ပထမတစ်ခု။ နိုင်ငံအပြောင်းအလဲ။ ကျနော်တို့လို ကျောင်းသားအမျ

By Moe Htet